Unicode
ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူတစ်ယောက်ဟာ
ဆေးရုံဝန်းထဲကို ခပ်ငုံ့ငုံ့ဝင်လာခဲ့သည်သူ့ပုံစံက မူမမှန်တာအတော်လေးသိသာသည်
" Scarlet ငါ့ကိုပိုက်ဆံနည်းနည်းပေးဦး"
တံခါးဝမှခပ်ကျိတ်ကျိတ်အသံကြောင့် Scarlet ချာခနဲလှည့်ကြည့်လိုက်သည်
အယုတ်တမာကောင် Zaid လာပြန်ပြီပေါ့
သမီးလေးနိုးမှာစိုးလို့ Scarlet အခန်းရှေ့ကိုထွက်လာခဲ့သည်
" သမီးအိပ်နေတယ်....ရှင်ဘာဖြစ်လာတာလဲ"
ချိုင့်ဝင်နေတဲ့ မျက်လုံးတွေကိုကြည့်ရင်း Zaid ဆေးကွဲနေပြီဆိုတာသူမသိလိုက်သည်
" ငါ့ကိုအဲ့ဒီ့မျက်လုံးနဲ့မကြည့်နဲ့
မင်းရဲ့အကြောင်းတွေ Diego ရဲ့မိသားစုသိအောင် ငါဖော်လို့ရတာမင်းသိလား "မူမမှန်တဲ့ မျက်လုံးတွေနဲ့ခြိမ်းခြောက်လိုက်တော့
Scarlet ဟာအတိတ်ကအနာဟောင်းတစ်ခုကိုပြန်ဆွခံလိုက်ရတဲ့သူလိုခံစားလိုက်ရသည်" ရှင်ဟာဘယ်သောအခါမှ စောက်ကျင့်မပြောင်းဘူးနော် Zaid"
Scarlet ဟာ နှုတ်ခမ်းတွေပြတ်လုမတက်ကိုက်ရင်း
ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံအုပ်လိုက်ကို သူ့လက်ထဲကိုထည့်ပေးလိုက်သည်ယိုင်တိုင်တိုင် ခြေလှမ်းတွေနဲ့အတူ Zaid အခန်းထဲမှထွက်သွားတော့ သူမအရာအားလုံးကို သဘောပေါက်ခဲ့ရသည်
.
.
.
.Accident မဖြစ်ခင်တစ်ရက်အလို......
အင်္ကျီအနီရောင်ကိုယ်ကျပ်ပေါ်မှာ သိုးမွှေးအနွေးထည် အနက်ရောင်ကိုဝတ်ရင်း
Scarlet ဟာအိမ်ကတိတ်တဆိတ်ထွက်လာခဲ့သည်
" ကျွန်မရောက်နေပြီ ရှင်ပြောသလောက်ငွေလည်းပါတယ်"
သူမကိုနေ့စဉ်ဖုန်းနဲ့ဆက်တိုက်ခြိမ်းခြောက်နေတဲ့
တစ်ဖက်ကလူကို Scarlet ဖုန်းဆက်လိုက်သည်ကား steering ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရလွန်းသောကြောင့်
သူမလက်တွေချွေးစို့လာခဲ့သည်
YOU ARE READING
ချစ်လှစွာသောလေလွင့်ဝိညာဉ်
Romanceစိတ်ကူးယဉ်ရေးထားတဲ့ OC fic လေးဖြစ်ပါတယ် တချို့အကြောင်းအရာလေးတွေက ယုတ္တိမရှိရင်နားလည်ပေးပါနော် အစိမ်းချုပ်ပေမဲ့လည်းမနာသလိုပါလားကောင်မလေးရေ ဒဏ်ရာတွေမင်းပေးရင် ဆေးပေးတာလည်းမင်းပဲဖြစ်ပါစေ Dake " ကျွန်မကိုသိပ်အလျော့မတွက်ပါနဲ့ အချစ်ကလေး.... ကျွန်မသေရမှာက...