လွန်ခဲ့သော ၄ နှစ်ခန့်က
လူကုန်ထုံတွေရဲ့ ပါတီပွဲတစ်ခုမှာ Grace ရှိနေခဲ့သည်
ဒါပေမဲ့သူမစိတ်နဲ့လူနဲ့မကပ်ခဲ့
စိတ်ထဲက လူထူးလူဆန်း Dake အကြောင်းပဲတွေးနေမိသည်
Tequila ခွက်သေးသေးလေးကို ကိုင်ရင်း လှုပ်ရှားနေတဲ့ရေခဲတုံးတွေကို အသက်မရှိသလိုထိုင်ငေးနေခဲ့သည်
နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက Dake ရဲ့မယုံနိုင်တဲ့မျက်ဝန်းတွေကို Grace မျက်လုံးထဲကမထွက်
အခုဆို သူ Grace ကိုစိတ်နာသွားလောက်ပြီပေါ့
မဖြစ်မနေ အခြေအနေမို့ အသက်ဆုံးရှုံးနိုင်ခြေအနည်းဆုံးနေရာကို ရွေးချယ်ပစ်ခဲ့ပေမဲ့လည်း
သူမစိတ်ထဲမှာစိတ်ပူနေမိတုန်း....
" ငါ့မေးထားတဲ့ Norfolkခေါင်းကိုင်ဖခင်ရဲ့သတင်းသိရပြီလား"
ခပ်ကျိတ်ကျိတ်မေးလိုက်တော့ PA ဖြစ်သူက Grace နားကပ်လာခဲ့တယ်
"သူအခု Medwin Cares ဆေးရုံမှာတဲ့ Grace .... ဒါက သူရှိတဲ့ဆေးရုံလိပ်စာကဒ်ပါ"
လိပ်စာကဒ်ကို သူမကိုလာထိုးပေးရင်း PA ဖြစ်သူက သူမနဲ့ မလှမ်းမကမ်းမှာသွားရပ်နေသည်
PA လာပေးတဲ့ ဆေးရုံရဲ့ လိပ်စာကဒ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း
လက်ကျန်ခွက်ထဲက tequila ကိုငှဲ့သောက်နေခဲ့သည်" ကျွန်တော်ဝယ်တိုက်လို့ရမလား"
သူမဘေးမှာလာထိုင်တဲ့ လူတစ်ယောက်ကြောင့် Grace ထိုသူကို ခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်သည်
လူရည်သန့်သန့် ပုံပဲမို့ ပွဲတပ်ဂါဝန်ရှည်အောက်က ဖိနပ်မှာတွဲချည်ထားတဲ့ သေနတ်ကိုထုတ်မဲ့လက်ကို ပြန်ရုတ်လိုက်သည်
ဒီအချိန်မှာ Grace ရဲ့စိတ်အခြေအနေက ဘယ်အမျိုးသားကိုမှမတွေ့ချင်
မီးခိုးရောင်မျက်ဝန်းတွေကလွဲလို့ပေါ့
" ကျွန်မကိုယ့်ဘာသာကိုယ်ဝယ်သောက်နိုင်ပါတယ်"
နှုတ်ခမ်းဖျားလှလှမှာ shisha အိုးမှအငွေ့တချို့ကို မှုတ်ထုတ်ရင်း ဖြေလိုက်သည်
YOU ARE READING
ချစ်လှစွာသောလေလွင့်ဝိညာဉ်
Romanceစိတ်ကူးယဉ်ရေးထားတဲ့ OC fic လေးဖြစ်ပါတယ် တချို့အကြောင်းအရာလေးတွေက ယုတ္တိမရှိရင်နားလည်ပေးပါနော် အစိမ်းချုပ်ပေမဲ့လည်းမနာသလိုပါလားကောင်မလေးရေ ဒဏ်ရာတွေမင်းပေးရင် ဆေးပေးတာလည်းမင်းပဲဖြစ်ပါစေ Dake " ကျွန်မကိုသိပ်အလျော့မတွက်ပါနဲ့ အချစ်ကလေး.... ကျွန်မသေရမှာက...