Part 14 ( I am your Jeannie )

1.1K 56 11
                                        



လှိုင်းသံတွေအတိုင်းသားကြားနေရတဲ့
အိမ်ရှေ့ဝရံတာကို သူအတန်ကြာအောင်ငေးစိုက်နေခဲ့သည်။

စံအိမ်ကြီးရဲ့ ကမ်းပါးအောက်မှာ ပင်လယ်ဟာ ကျောက်ဆောင်တွေကိုအညိုးတကြီးရိုက်ချနေခဲ့သည်။

ရုတ်တရက်သူ့အပေါ်ခြုံလွှားပေးလိုက်သော အနွေးထည်ကြောင့် ချမ်းလာတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လိုပြန်လည်နွေးထွေးသွားခဲ့ရသည်။

" Darling မအေးဘူးလား"

" အင်းရတယ်"

အေးစက်စက်အဖြေကို Scarlet မကျေနပ်
သို့ပေမဲ့ နှုတ်ခမ်းထက်ကအပြုံးကိုတော့
အရင်အတိုင်းပင်ဆင်မြန်းထားခဲ့တယ်

" ကျွန်မသွားစရာလေးရှိလို့ Darling
တစ်ခုခုလိုရင်ဆရာမကိုပြောနော်"

သူ့ပါးကို ခပ်ဖွဖွအနမ်းပေးပြီး Scarlet ဟာကြော့မော့စွာထွက်သွားတယ်

တော်သေးတာပေါ့ ခေါင်းကိုက်စေတဲ့ ရေမွှေးနံ့ကသူ့နားကခွာသွားလို့

ပင်လယ်လေကိုတဝရှူသွင်းရင်း

ဝရံတာကနေမြင်နေရတဲ့ အဆုံးမရှိပင်လယ်နဲ့ ကောင်းကင်ထိစပ်နေတဲ့မြင်ကွင်းကို သူငေးနေခဲ့တယ်

" ပင်လယ်နဲ့ကောင်းကင်ကထိစပ်နေသလိုပဲ"

ခပ်တိုးတိုးရေရွတ်ရင်း အေးစက်နေတဲ့သူ့ရင်ခုန်သံတွေကိုခံစားမိသည်။

သေချာသည် သူဟာ Scarlet ကိုလုံးလုံးလျားလျားမချစ်တော့ပါ....

ရုတ်တရက် ဒုန်းခနဲပြုတ်ကျတဲ့အရာတစ်ခုအသံကြောင့် သူဟာ Wheelchair ကို အနောက်သို့လှည့်ကာကြည့်လိုက်သည်။

အစိတ်စိတ်အမွှာမွှာကွဲကြေနေသော Scarlet နဲ့ သူရဲ့ Wedding ဓာတ်ပုံ

လေကွယ်ရာအရပ်မှာရှိနေတဲ့ ဒီကြီးမားလွန်းတဲ့ ဓာတ်ပုံဟာ ဘာအကြောင်းကြောင့် ရုတ်တရက်ပြုတ်ကျရတာလဲ

အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသော ဓာတ်ပုံ အနားသူတိုးကပ်သွားခဲ့တယ်

ဖန်ကွဲစတွေဆီ လက်ကအလှမ်း

သူ့ရဲ့လက်ကို ပုတ်ထုတ်လိုက်တဲ့အရာတစ်ခုကြောင့်
သူအကြောင်သားဖြစ်သွားမိတယ်

ချစ်လှစွာသောလေလွင့်ဝိညာဉ် Where stories live. Discover now