ရှုပ်ယှက်ခတ်နေသော ဆရာဝန်တွေကြား
Grace သည် အမောတကောပြေးဝင်လာခဲ့သည်။အမြဲလိုလိုတင်းထားခဲ့သော သူမမျက်နှာလေးသည်
သွေးမရှိသလိုဖျော့တော့လျက်" defibrillator ပြင်မယ်"
Cannula ထဲကိုဆေးတွေထိုးသွင်းနေရင်း
နှလုံးခုန်ဖိစက်ကို တည်ငြိမ်စွာပြင်ဆင်နေသည့်ဆရာဝန်တွေကိုကြည့်ရင်း Grace ရူးချင်လာမိသည်။Monitor မှနှလုံးခုန်နှုန်းမျဉ်းသည် တန်းစပြုလာပြီဖြစ်သည်။
" ဖောက်ပြန်တဲ့မိန်းမ "
နားထဲမှာ ကြားလိုက်မိတာ Accident မဖြစ်ခင်က Darling ပြောခဲ့တဲ့စကား
မျက်ရည်တွေကဝေဝါးပြီးဘယ်အရာကိုမှ Grace သဲသဲကွဲကွဲမမြင်ရတော့
နိမ့်ချီမြင့်ချီဖြစ်နေသော Dake ၏ရင်ဘက်တွေကိုငေးကြည့်ရင်း Grace ငိုချမိတော့သည်။
" ကျွန်တော်တို့စိတ်မကောင်းပါဘူး"
" ဘာ...."
Grace နားထဲ မိုးကြိုးတွေအတောင့်လိုက်အပစ်ခံလိုက်ရသလိုပင်
" မဖြစ်ရဘူး... မဖြစ်ရဘူး"
Grace သည် သွေးရူးသွေးတန်းအော်ဟစ်ရင်း
ငြိမ်သက်နေသော Dake ရဲ့ခန္ဓာကိုယ်ကို လှုပ်နိုးနေမိသည်ဆေးရုံမှာ Coma ရနေသည့်တောက်လျောက်
ပြန်များအသက်ရှင်ဦးမလားမျှော်လင့်ချက်တွေနဲ့ အားတင်းနေရသော်လည်းDarling ဟာ ဒီနေ့တော့ သူမကိုတကယ်ထားရစ်ခဲ့ပြီဖြစ်သည်။
" Darling မဟုတ်ဘူး မဖြစ်ရဘူး"
Grace သည် ငိုရင်းနဲ့ ပင်ပျော့ခွေကာ လဲကျသွားတော့သည်
" Madam. .. Madam သတိထားပါဦး"
သူမကို ရုန်းရင်းဆန်ခတ်လှုပ်နှိုးနေသော အသံများဟာဝေးလိုက် နီးလိုက်
............................
"Autumn က Norfolk ရဲ့ အမွေမမြည်သမီးပဲ Mr Diego ဒါပေမဲ့ အဲ့ဒီ့ကောင်မလေးသေဆုံးတဲ့ညကလည်း Norfolk ကလူတွေခေါ်သွားတာပဲ Norfolk ကကိစ္စတွေကျတော့ကျွန်တော်တို့ ဝင်မပါဖြစ်တာများလို့ ဒီအမှုကဒီအတိုင်းထားထားရတာပဲ
ဒါနဲ့ဒီကလေးမရဲ့အမှုနဲ့ ပတ်သက်ပြီး Mr Diego ကဘာလို့သိချင်ရတာလဲ
ဟို စပ်စုတယ်မထင်ပါနဲ့
ညီအကိုအချင်းချင်း ဒီတိုင်းသိချင်လို့မေးတာ"
YOU ARE READING
ချစ်လှစွာသောလေလွင့်ဝိညာဉ်
Romanceစိတ်ကူးယဉ်ရေးထားတဲ့ OC fic လေးဖြစ်ပါတယ် တချို့အကြောင်းအရာလေးတွေက ယုတ္တိမရှိရင်နားလည်ပေးပါနော် အစိမ်းချုပ်ပေမဲ့လည်းမနာသလိုပါလားကောင်မလေးရေ ဒဏ်ရာတွေမင်းပေးရင် ဆေးပေးတာလည်းမင်းပဲဖြစ်ပါစေ Dake " ကျွန်မကိုသိပ်အလျော့မတွက်ပါနဲ့ အချစ်ကလေး.... ကျွန်မသေရမှာက...