Part 8 (Falling Autumn)

1.1K 47 4
                                    

ကားပေါ်ကဆင်းဆင်းချင်း သူမရဲ့ ဆံပင်ကိုတစ်စုံတစ်ယောက်ကလေနဲ့ မှုတ်လိုက်သလိုခံစားရတာကြောင့် Grace စိတ်ထဲမှာ ထစ်ခနဲဖြစ်သွားသည်

Dake မရှိတော့ သူ့ရဲ့အလုပ်ကိစ္စတွေပါ တာဝန်ယူရလို့ ဆေးရုံကိုတောင်မရောက်လာတာ ၂ ရက်ရှိပြီ

Grace ကိုများစိတ်ကောက်နေပြီလား Dake ရယ်

သူမနောက်မှာကပ်ပါလာတဲ့ အရိပ်တစ်ခုကိုတော့ ဘယ်သူမှသတိမထားမိကြ

Grace ကိုယ်တိုင်လည်းသတိမထားမိခဲ့

သူGrace နောက်ကိုတစ်ကောက်ကောက်လိုက်နေခဲ့တာကြာခဲ့ပြီ

Grace ဘေးမှလွဲရင် သူဘယ်မှမသွားရဲ
မသွားလည်းမသွားနိုင်ခဲ့

Dake အတွက် Grace ရဲ့ဘေးကိုပြန်လာပြီး မျက်ရည်တွေကိုသုတ်ပေးချင်စိတ်ကထိန်းမရခဲ့

"ကိုယ့်ရှေ့မှာတစ်ခါမှမငိုဖူးတဲ့မင်းက ကွယ်ရာမှာပဲ ကျိတ်ငိုတက်တယ်ဆိုတာ ကိုယ်လုံးဝမသိခဲ့ဘူး"

ထိတွေ့ကိုင်တွယ်လို့မရပေမဲ့ Grace ကို အနမ်းဖွဖွတွေခိုးပေးလေးရှိတယ်
Grace ကိုယ်တိုင်လည်းသူ့အနမ်းတွေကိုခံစားလို့ရမယ်လို့ယုံကြည်တယ်

Grace နောက်မှာအရိပ်လိုကပ်ပါနေသမျှကာလပတ်လုံး သူဟာအထီးမကျန်ဘူး

.
.
.
.
.
.


ဓာတ်လှေခါးထဲဝင်ဝင်ချင်း သူ့ ကိုစူးစူးစိုက်စိုက်ကြည့်နေသော ကောင်မလေးကို Dake သတိထားမိသွားသည်

Grace ကတော့ကျောင်းဝတ်စုံနဲ့ ထိုမိန်းကလေးကို မြင်ဟန်ပုံမပေါ်

ဧကန္တ သူ့ကိုကြည့်နေတဲ့ထိုမိန်းကလေးဟာ လူစင်စစ်တော့မဖြစ်နိုင်

အထူးခြားဆုံးက သူမရဲ့မျက်လုံးအရောင်ဟာ မီးခိုးရောင်ဖျော့ဖျော့ဖြစ်နေပြီးသူနဲ့ ချွတ်စွပ်လာတူနေခြင်းပင်

ထိုကလေးမက Dake ကိုကြည့်နေတဲ့ မျက်ဝန်းတွေကို Dake သေချာမဝေခွဲတက်

ကြေကွဲမှုနဲ့မကျေနပ်မှုတွေပေါင်းစည်းနေတာတော့သိသည်

၃ လွှာအရောက်မှာ ဘယ်သူမှမရှိပဲဓာတ်လှေခါးပွင့်သွားခဲ့သည်

ချစ်လှစွာသောလေလွင့်ဝိညာဉ် Opowieści tętniące życiem. Odkryj je teraz