သူ့ရဲ့ လက်ထဲရောက်ရှိသွားတဲ့ Grace ဟာ
အဖိုးတန်သုံ့ပန်းဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အတူသူ့နဲ့အတူအိမ်ကြီးထဲမှာ
အတူတူပိတ်လှောင်ခြင်းခံလိုက်ရတယ်အထူးခြားဆုံးက အဖေဟာ သူမကိုပြန်ရွေးဖို့ သူတောင်းတဲ့ ဆယ်ဆမကတဲ့ငွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမဲ့ သူ့ဘက်ကညစ်နေခြင်းပင်
ဒါဟာ Grace ရဲ့ မာနနဲ့ သိက္ခာကိုအစွယ်ချိုးဖို့များရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ ခြင်းလား
" မင်းဒီကိုလာခဲ့စမ်း"
မလုံ့တလုံ ဇာအနီရောင်ခပ်ဆန်းဆန်းအတွင်းခံကို ဆင်ပေးထားခြင်းခံရတဲ့ Grace ရဲ့ပုံက သူ့မျက်စိထဲကော်ပက်ရုပ်ကလေးပမာ
စိတ်လိုလက်ရသူဆင်ပေးထားတဲ့ အဝတ်ပါးအောက်မှာ ရှိုက်ကြီးရှိုက်ငယ်အသွယ်သွယ်ကသွေးတွေဆူပွက်လာစေတယ်
မာနသိပ်ကြီးတဲ့ ခင်ဗျားလေးကိုမှ ချစ်မိတော့လည်း....မလွယ်
ပါးစပ်မှ ခပ်မာမာပြောနေပေမဲ့ သူ့နှလုံးသားတွေက သူမရဲ့အလှတရားအောက်မှာအရည်ပျော်ခဲ့ရ
" ဒီမှာလာထိုင်"
သူညွှန်ပြတဲ့နေရာက သူ့ရဲ့ ပေါင်ပေါ်....
Dake ရဲ့ပုံစံကြည့်တော့လည်း
အပေါ်ဗလာကျင်းခန္ဓာကိုယ်မှာတဘက်အဖြူမလုံတလုံတစ်ထည်သာဝတ်ထားခဲ့တယ်
ဆန်းပြားလှပတဲ့ tatoo တွေနဲ့ အတူကျစ်လစ်တောင့်တင်းနေတဲ့ သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေဟာ Grace ကိုရင်ခုန်သံတွေမြန်စေတယ်
လှိုင်းတွန့်ပုံစံ သူ့ရဲ့ဆံပင်တွေကို လှန်တင်ထားပုံ
ညို့တက်တဲ့ မျက်ဝန်း မှိုင်းညို့ညို့တွေဟာ ဘယ်ဆန့်ကျင်ဘက်လိင်ကိုမဆို အညွန့်ကျိုးသွားစေတယ်ဘာရည်ရွယ်ချက်နဲ့ ယုတ်မာပက်စက်ဦးမလဲရှင်ရယ်
" ရှင်တရားလွန်နေပြီနော်" စိတ်မကောင်းပေမဲ့ Grace ရဲ့ မျက်ဝန်းတွေက မျက်ရည်မကျ
အချစ်နဲ့အမုန်းကတပြိုင်နက်ဖြစ်ပေါ်တက်သလား
ထိုလူသားကို မုန်းလည်းမုန်းတယ်

DU LIEST GERADE
ချစ်လှစွာသောလေလွင့်ဝိညာဉ်
Romantikစိတ်ကူးယဉ်ရေးထားတဲ့ OC fic လေးဖြစ်ပါတယ် တချို့အကြောင်းအရာလေးတွေက ယုတ္တိမရှိရင်နားလည်ပေးပါနော် အစိမ်းချုပ်ပေမဲ့လည်းမနာသလိုပါလားကောင်မလေးရေ ဒဏ်ရာတွေမင်းပေးရင် ဆေးပေးတာလည်းမင်းပဲဖြစ်ပါစေ Dake " ကျွန်မကိုသိပ်အလျော့မတွက်ပါနဲ့ အချစ်ကလေး.... ကျွန်မသေရမှာက...