Part 4 (Angel and Monster )

1.2K 54 2
                                    

Dake ရဲ့လက်တွေကို သူမဆုပ်ကိုင်လိုက်တော့

Monitor ပေါ်ကသွေးခုန်နှုန်းတွေက ပုံမှန်ထက်ပြန်မြန်လာသလို

ပိုက်တွေ ပတ်တီးတွေကြားကချစ်ရတဲ့သူရဲ့ မျက်နှာညိုးညိုးဟာ အိပ်မောကျနေသလိုပင်

ကျွန်မတို့အတူတကွဆိုးသွမ်းခဲ့ကြတယ်
အတူတကွ ပျော်ရွှင်ခဲ့ကြတယ်နော် Dake
ဘယ်အရာမှ ကျွန်မတို့ သံယောဇဉ်တွေကိုမမှေးမှိန်စေနိုင်ဘူး

Dake နဲ့သူမနဲ့ စတွေ့တဲ့နေ့က ဦးနှောက်ထဲကမထွက်

အဲ့ဒီ့နေ့က Grace ရဲ့ခွေးပြေးဝက်ပြေးပြေးခဲ့ရတဲ့နေ့

ဂိုဏ်းဂဏနှစ်ခုကြားတိုက်ပွဲတွေပြင်းထန်နေခဲ့တဲ့အချိန်

သေနတ်သံတွေဆူညံနေခဲ့သည်

လက်ဖျားမှာကျစ်ကျစ်ပါအောင်ကိုင်ထားတဲ့ သေနတ်ဟာ ချွေးတွေနဲ့စိုစွတ်လာခဲ့တယ်

သူမတို့ဘက်က လူအတော်များများထိခိုက်ခဲ့ရလို့
ရန်ဖက်ဖြစ်တဲ့ Norfolk အုပ်စုကို အမှုန်ခြေချင်နေခဲ့သည်

ကြားရသလောက် အရင်က Norfolk အုပ်စုရဲ့ခေါင်းကိုင်ဖခင်ဟာ သူမတို့နဲ့ ဆက်ဆံရေးအဆင်ပြေခဲ့သလောက်

အခုလက်လွှဲယူတဲ့ Norfolk အုပ်စုရဲ့ သားဖြစ်သူ Dake ဟာအတော်လေးကို အဆိပ်ရှိပြီး

သူမတို့အတွက်အတော်လေး
မျက်စိစပါးမွှေးစူးစေခဲ့သူ

တင်းမာလာတဲ့ဆက်ဆံရေးနဲ့အတူ ရန်လာလာစနေတဲ့ Norfolk ရဲ့ ကာစီနိုအတွင်း ဝင်ရောက်စီးနင်းဖို့ အဖေတားနေရဲ့သားနဲ့ဆုံးဖြတ်ချက်ချလိုက်သူက Grace

နာမည်က မိန်းကလေးဆန်ဆန် နုနုယွယွလေးပေးထားပေမဲ့
အဖေ့ရဲ့သွေးတွေစီးဆင်းနေတဲ့သူမဟာ ယောကျာ်းလေးနဲ့မခြား

Grace ရဲ့စွဲမက်ဖွယ်အလှပ ရှိုက်ကြီးရှိုက်ငယ် အသွယ်သွယ် ရက်စက်ပြီး သွေးအေးမှုတွေဟာ လူသိများကျော်ကြားလှတယ်

ရုတ်တရက်

သူမနောက်ကျောကို လာထောက်တဲ့သေနတ်ကြောင့်

Grace တစ်ကိုယ်လုံးတောင့်တင်းသွားသည်

" သွားပါပြီ..." Norfolk အုပ်စုရဲ့လက်ထဲသေရတော့မှာလား

ချစ်လှစွာသောလေလွင့်ဝိညာဉ် Where stories live. Discover now