သူအတော်ကြာမျှော်နေသည့်တိုင်အောင်Autumn ဆိုတဲ့ ဝိညာဉ်မလေးဟာပေါ်မလာတော့
ဟာတာတာဖြစ်မိတာအမှန်အခုဆို အတော်များများ
ဝိညာဉ်အဖော်တချို့ရှိပေမဲ့ ထိုကလေးမလေးကို မျှော်နေမိဆဲ" လူကြီး"
နောက်မှ ကြားလိုက်ရတဲ့အသံဟာ Autumn ရဲ့ အသံမှန်းသူသိလိုက်သည်
" မင်းဘယ်ပျောက်နေတာလဲ"
သူမကိုကြည့်ရင်းစိုးရိမ်တကြီးမေးတော့လည်း Autumn ဟာ သခင်ရှေ့ကကြောင်လေးလို
" Scarlet က လူကြီးကိုညာနေတာ"
မျက်လုံးဝိုင်းတွေနဲ့သူမပြောနေတော့ သူမ မညာဘူးမှန်းသိသာသည်
" Scarlet မှာ လူကြီးမသိပဲမွေးထားတဲ့ကလေးရှိတယ်....အစတည်းကညာခဲ့တာ"
ဆက်တိုက်ထွက်လာတဲ့ Autumn ရဲ့စကားလုံးတွေအောက်သူမယုံနိုင်ခဲ့
" ငါ့မျက်စိနဲ့တွေ့မှယုံမယ် Autumn "
မျက်ဝန်းပြာတွေအောက်က အေးစက်နေတဲ့စကားလုံးတွေဟာ Scarlet ကိုစိတ်မနာနိုင်မှန်းသိသာလွန်းတယ်
Autumn အတွက်တော့သခင်စေရာကိုလုပ်ပေးဖို့အသင့်ရှိနေတဲ့ ကျွန်တစ်ယောက်လိုရှိနေပေမဲ့
Diego အတွက်သူမဟာအမှုန်အမွှားလေးမှန်း သိလာခဲ့တယ်ချစ်ရတဲ့မျက်ဝန်းပြာတွေကို မနာကျင်စေရက်ပါဘူး လူကြီးရယ်
....................
အဲ့ဒီ့နေ့ကို Autumn လုံးဝမမေ့ဘူး
ပထမဆုံးလူကြီးကိုတွေ့ခဲ့ရတဲ့နေ့
အဲ့ဒီ့နေ့ကလူကြီးရဲ့ အပြုံးတွေကသိပ်ကိုတောက်ပနေခဲ့တယ်
" Verve tower ရဲ့ ဥက္ကဋ္ဌ Deigo ဟောပြောပွဲလာမယ်တဲ့"
ကျောင်းမှာအမြဲလိုလိုဟောပြောပွဲတွေကြုံနေကြမို့ Aurumn အတွက် ထူးထူးခြားခြားတော့စိတ်မလှုပ်ရှားမိ
Autumn ဟာအမြဲလို ထောင့်ကပ်ပြီးချောင်မှာနေတက်တဲ့အကျင့်ရှိတယ်
KAMU SEDANG MEMBACA
ချစ်လှစွာသောလေလွင့်ဝိညာဉ်
Romansaစိတ်ကူးယဉ်ရေးထားတဲ့ OC fic လေးဖြစ်ပါတယ် တချို့အကြောင်းအရာလေးတွေက ယုတ္တိမရှိရင်နားလည်ပေးပါနော် အစိမ်းချုပ်ပေမဲ့လည်းမနာသလိုပါလားကောင်မလေးရေ ဒဏ်ရာတွေမင်းပေးရင် ဆေးပေးတာလည်းမင်းပဲဖြစ်ပါစေ Dake " ကျွန်မကိုသိပ်အလျော့မတွက်ပါနဲ့ အချစ်ကလေး.... ကျွန်မသေရမှာက...