ကလေးငယ်ဟာ လက်တစ်ဖက်မှာ ကွတ်ကီးမုန့်ကိုကိုင်ထားရင်း ဆေးရုံအခန်းအတွင်းဝင်လာတဲ့ သူမကို လက်ကမ်းပေးတယ်....သူ့ကိုချီပါဆိုတဲ့သဘော
ပင်ပန်းနွမ်းနယ်နေတဲ့မျက်နှာနဲ့ သူမဟာ ကလေးငယ်ကို
အသာအယာပွေ့ချီလိုက်တယ်" နေကောင်းလားမေမေ့ Anne လေး"
သမီးလေးရဲ့ပါးပြင်နုနုလေးကို သူမနမ်းရှုံ့လိုက်သည်
သမီးလေးရဲ့ပါးပြင်ကရလိုက်တဲ့ ပေါင်ဒါနံ့လေးက သူမစိတ်ကိုလန်းဆန်းသွားစေသလို
" mama အကြာကြီးဘယ်သွားနေတာလဲ"
မျက်လုံးလေးပြူးပြီးမေးတဲ့ သမီးလေးရဲ့စကားကိုသူမပြန်မဖြေနိုင်ခဲ့
" ပြန်ဖြေလိုက်လေ ကလေးကို... မင်းနောက်လင်ရဲ့ဝေယျာဝစ္စလုပ်နေရတဲ့အကြောင်း"
ထိုင်ခုံပေါ်မှထိုင်ရင်းခပ်ထေ့ထေ့မေးလိုက်တဲ့ Zaid ရဲ့စကားကြောင့် သူမစိတ်ထဲ ဒေါသကဒိန်းခနဲထွက်သွားပေမဲ့ အပြုံးလေးနဲ့ထိန်းလိုက်သည်
သမီးလေးရှေ့မှာ ရုပ်ရင်းကြမ်းတမ်းသောစကားတွေမထွက်ချင်
Zaid ကအမြဲလိုလို သူမအပေါ်ယုတ်မာတက်တဲ့ လူသားမို့ သူ့ဆီက ကိုယ်ချင်းစာတရားကိုမမျှော်လင့်
သမီးလေးက အဖေနဲ့အမေရဲ့ဖြစ်ပျက်သွားတဲ့ အခြေအနေအရပ်ရပ် ကို နားမလည်ပေမဲ့ မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေခဲ့တယ်
" မင်းသူ့ကိုချစ်မိသွားပြီမလား"
ရွံစရာကောင်းတဲ့ အပြုံးနဲ့အတူသူထပ်ပြီးမေးတော့
ထိုလူသားကိုတွေ့ရာနေရာမှာဓားနဲ့ပြေးထိုးချင်စိတ်တဖွားဖွားပေါ်လာခဲ့သည်
" ချစ်တော့ရော ဘာဖြစ်လဲ သူကရှင်နဲ့ဆို မိုးနဲ့မြေလိုကွာတယ် ကျွန်မချစ်မိသွားလည်းမဆန်းပါဘူး"
မနေနိုင်မထိုင်နိုင် ပွင့်အံထွက်လာတဲ့ Scarlet ရဲ့ စကားလုံးတွေအောက် Zaid ပိပြားသွားခဲ့သည်
ဒေါသကြောင့် ရှူးရှူးရှားရှားဖြစ်သွားတဲ့ သူက သူမကို ဘေးမှာရှိတဲ့ ကလေးထမင်းခွက်နဲ့ ပစ်ပေါက်တယ်
ŞİMDİ OKUDUĞUN
ချစ်လှစွာသောလေလွင့်ဝိညာဉ်
Romantizmစိတ်ကူးယဉ်ရေးထားတဲ့ OC fic လေးဖြစ်ပါတယ် တချို့အကြောင်းအရာလေးတွေက ယုတ္တိမရှိရင်နားလည်ပေးပါနော် အစိမ်းချုပ်ပေမဲ့လည်းမနာသလိုပါလားကောင်မလေးရေ ဒဏ်ရာတွေမင်းပေးရင် ဆေးပေးတာလည်းမင်းပဲဖြစ်ပါစေ Dake " ကျွန်မကိုသိပ်အလျော့မတွက်ပါနဲ့ အချစ်ကလေး.... ကျွန်မသေရမှာက...