.
Lice ကားလေး...ဟန်မြစ်ကမ်းနားလမ်း ဘက်သို့ ဦးတည်လာသည်။
.
ကားပါကင်ထိုးပြီး...
ကားပေါ်ဆင်းကာ...
Jen ရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။....နှစ်ယောက်သား အတူတူ...
ဟန်မြစ်ကမ်းနားလမ်းက ခုံတန်းပေါ်မှာ ထိုင်လိုက်သည်။...
.
Lice အခုမှ သူမလေးကို သေချာကြည့်နေမိသည်။
.
အရပ်ကလေးက ပုပုလေး
(ကလေးသာသာလောက်ပေါ့နော် ငယ်သေးတာကိုး)
ဟန်မြစ်ကမ်းက လေညှင်းလေးတွေ တိုးဝှေ့ကျီစယ်မှုကြောင့်...ပုခုံးနားမှာ ဝဲနေတဲ့ သူမရဲ့ အနက်ရောင် ဆံနွယ်လေးတွေ...
မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့...
ပါးဖောင်းဖောင်းလေး...ဖြောင့်စင်းနေတဲ့
နှာတံလေးနဲ့ နှာခေါင်း လုံးလုံးလေးက ဖြည့်ညစ်ချင်စရာ...
မျက်ရစ်မရှိတဲ့မျက်ခွံလေးပေါ်က...မှဲ့နက်လေးက တစ်လုံး...
စင်ယော်လေးတွေရဲ့ အတောင်ပံလေးတွေလို...မဲနက်ကွေးညွတ်...လှပနေတဲ့ သူမရဲ့ မျက်ခုံးလေး နှစ်ဖက်....
ပန်းနုရောင် သမ်းနေတဲ့ နှုတ်ခမ်းလေး တစ်စုံက ပို၍နီထွေးထွေး ဆွဲတောင်မှုရှိလျှက်...။
.
Lice သူမလေးကို ငေးေမာရင်းရင်ထဲကနေ ဗေလာင်ဆူ စွာချီးကျူးနေမိသည်။
.
💭မင်းက...ငယ်ငယ်လေး ကတည်းက ချစ်ဖို့ လွန်စွာ ကောင်းနေပါလား ကလေးငယ်ရယ်...💭
.
ဘေးချင်းကပ်ထိုင်ရင်း...
Lice သူ့ရင်ခွင်ထဲမှာ jen ကိုယ် သေးသေးလေးကို ဆွဲသွင်းထားလိုက်ပြီး...
Jenရဲ့ နဖူးစပ်နားက ဝဲကျနေတဲ့ ဆံနွယ်တစ်ချို့ကို သပ်တင်ပေးရင်း....အသာအယာ လေး ထိကပ် နမ်းရှိုက်လိုက်သည်။
.
ကောင်မလေးတွေဆို စိတ်မဝင်စားဘဲ တစ်ကိုယ်တည်းနေလာတဲ့ lice တစ်ယောက်..ဒီလူသားပိစိလေးကိုမှ....ချစ်စိတ်တွေ ဝင်မိသည်။...
သူ့ကိုယ်သူလည်း အံ့သြနေမိသည်။ ကိုယ်ထက် အသက်အများကြီး ကွာတဲ့ ဒီကလေးကိုမှ ချစ်မိရတယ်လို့...။
.
ဘယ်လောက်ထိ ချစ်လဲဆိုတော့ သူမအနားကနေ မခွာချင်တဲ့အထိ သူမြတ်နိုးနေမိသည်။
.
တိုးဝှေ့ရိုက်ခတ်လာတဲ့ လေညှင်းလေးကို ခံစားရင်း မြစ်ရေပြင်ကြီးကို ငေးနေမိသည်။
သူ့ရင်ခွင်ထဲက သူမလေးကတော့...
သူ့ကို မသိမသာလေး မော့ကြည့်လာသည်။
တိုးထွက်နေတဲ့
သူ့လည်စိသေးသေးနားမှ...
လေနွေးလေး တစ်ချက်ရိုက်ခတ်သွားတာမို့...
သူငုံ့ကြည့်လိုက်သည်။...သူလည်း ခေါင်းငုံ့အချ jen က ခေါင်းမော့ကြည့်နေတာကြောင့်...
Jen ရဲ့ နှာသီးဖျားလေးက သူမေးဖျားလေးကို ဖျတ်ထိကာ နမ်းမိသွားသည်။...
.
L" ကောင်မလေး ဘာလို့ လူကို ခိုးကြည့်ပြီး နမ်းနေတာလဲ..."
YOU ARE READING
ချစ်ခြင်းနဲ့အတူ ....jenlisa
Fanfictionငါ့အတွက် အချစ်ဆိုတာ...မင်းနဲ့မှ စ၍ဖြစ်တည်ခဲ့တာ... မုန်းခြင်း မရှိတဲ့ ချစ်ခြင်း... တပ်မက်ခြင်း မရှိတဲ့ မြတ်နိုးခြင်း... စွန့်လွှတ်ခြင်း မရှိတဲ့ တွယ်တာခြင်း....တွေနဲ့..မင်းကို ငါ့ဘဝအတွက် လိုအပ်တယ်...