.
Dining room.....ထဲမှာ
အပ်ကျသံတောင် မကြားရတဲ့အထိ...
တိတ်ဆိတ်နေတဲ့ ဖြစ်ရပ်....
ဒီနေ့ညမှာ....Manoban စံအိမ်ကြီးမှာ ဖြစ်ပွားနေခဲ့သည်။Lice အခြေနေက ဒီလောက်ထိ တင်းမာသွားလိမ့်မည်ဟု Ms Manoban မထင်မိခဲ့...။
.
L" Jennie ကို ခိုင်းဖို့ အမိန့်ပေးတာ Omma မဟုတ်လား.... "အမှန်ဆိုရင် lice က Ms Manoban လို့...အော်ပြောလိုက်ချင်ပေမယ့်...
Kai နဲ့ Maid တွေရဲ့ အရှေ့မှာ သူမကို စော်ကား သလို ဖြစ်နေမှာမို့...
နှုတ်ကို ထိန်းကာ...Omma လိုဆိုပြီး ပြောလိုက်ခြင်းပါ...။
ရင်ထဲမှာ တော့....Ms Manoban ဟာ သူ့ရှေ့တစ်မျိုး သူ့ကွယ်ရာ တစ်မျိုးလို ဖြစ်နေတဲ့ မျက်နှာ နှစ်ခုနဲ့ မိန်းမကြီးလို့သာ တေးမှတ်ယူသည်။....
.
.
Lice ရဲ့ မာကျော နေတဲ့ မျက်နှာထားကြောင့်...maid အားလုံးက ခေါင်းမဖော်ရဲ သလို Kai ဆိုတဲ့ ဂိုက်ဆရာလည်း ထိုင်ရမလို ထရမလိုနဲ့....စိတ်က ငြိမ်သက်မှုမရှိခဲ့....။
.
Ms m" ဟုတ်တယ် သား lice..."Lice မေးခွန်းကို အသံထွက်ရုံဖြစ်သာ...ပြန်ဖြေနေတဲ့ ms manoban က ငြိမ်သက်နေကြ တဲ့ လူတွေကြားမှာ...တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည်။
.
.
Lice မျက်ခုံးတွေကို ထိစက်သွားအောင် ကွေးညွတ်ကာ မျက်မှောင်ကြုတ်လိုက်ပြီး...
Ms Manoban ဘက့်လှည့်ကာ...
.
L" ဘာအတွက် ကြောင့်လဲ ခင်ဗျားက ဒီလို လုပ်ရတာလဲ..."Ms m" သား lice Omma ကို ဘယ်လိုပြောနေတာလဲ Ommaက သားရဲ့ ဂုဏ် သိက်ခါအတွက် လုပ်နေတာ..."
L"ဟက်😕 ဂုဏ်သိက်ခါ...ဟုတ်လား...
Lice က ခနဲ့သလို နှုတ်ခမ်းလေး အလိုမကျသလို ရွဲ့ပြလိုက်ရင်း...Jennie လက်ကို လှမ်းဆွဲယူကာ သူ့အနားကို ခေါ်ထားလိုက်သည်။
.
L" ကျွန်တော့် အတွက်ကို ဘယ်အချိန်ကတည်းက တွေးတတ်သွားတာလဲဗျ..."Ms m" Ommaကို ရွဲ့မနေနဲ့ သား.lice သားက စေ့စပ်ထားတဲ့ ယောကျာ်း တစ်ယောက်...ကိုယ့်ကိုကိုယ် အသိဝင်စမ်းပါ.. သား အခု ဘာဖြစ်နေလဲ ကိုယ့်အဖြစ် ကိုယ်သိသေးရဲ့လား...ဘာမှ မဟုတ်တဲ့ ကောင်မလေး တစ်ယောက် ကိုတွေ့ပြီးတဲ့ နောက်ပိုင်း သားက...
L" တော်လောက်ပြီ ထပ်မပြောနဲ့ ခင်ဗျား ပြောသမျှကို ဒီနေ့က စပြီး ကျွန်တော် နာခံတော့မှာ မဟုတ်ဘူး...ဟျောင့်... မင်းရောဘဲ ဒီနေ့က စပြီး...Jennie အတွက် ဂိုက်ဆရာ...လုပ်ပေးစရာ မလိုတော့ဘူး...လာစရာလည်း မလိုတော့ဘူး....Jennie လာခဲ့...
YOU ARE READING
ချစ်ခြင်းနဲ့အတူ ....jenlisa
Fanfictionငါ့အတွက် အချစ်ဆိုတာ...မင်းနဲ့မှ စ၍ဖြစ်တည်ခဲ့တာ... မုန်းခြင်း မရှိတဲ့ ချစ်ခြင်း... တပ်မက်ခြင်း မရှိတဲ့ မြတ်နိုးခြင်း... စွန့်လွှတ်ခြင်း မရှိတဲ့ တွယ်တာခြင်း....တွေနဲ့..မင်းကို ငါ့ဘဝအတွက် လိုအပ်တယ်...