34❤

1.8K 141 14
                                    

ငှက်ကလေးတွေရဲ့.. ကျိလိ...ကျိလိ...အော်သံလေးတွေနဲ့ အတူ...
နေရောင်ခြည် နုနုလေးက...
အခန်း ပြတင်းပေါက်ကနေ တိုးပေါက်ကာ...
သူအိပ်ယာပေါ်သို့....ကျရောက်လာသည်။
.
မနက်မိုးလင်း ပြီမို့....
Lice အိပ်နေရာမှ အသာလေး ထထိုင်လိုက်သည်။
.
L" အ့ .ကျွတ်....ကျွတ်....

ညက သူမလေး သူ့ရဲ့အခန်းမှာ ရှိနေခဲ့ပေမယ့် ခုမနက်ကျတော့...
သူမ မရှိတော့...သူ့ရင်ထဲမှာ အနည်းငယ် ဟာတာတာ ဖြစ်မိသွားသည်။...
ညက အဖြစ်ပျက်ကို ကြိုးစားကာ ပြန်စဥ်းစားလိုက်တော့...
.
L" ကျစ်!!!... ငါကဘဲ ကလေးအပေါ် မကောင်းစိတ်နဲ့ ကြံစည်ခဲ့တာဘဲ...ငါ့ခေါင်းကို ရိုက်လိုက်တာက နည်းသေး....ဟူး....အခု ကလေး ဘယ်ရောက်နေလဲ...အမြန်သွားရှာမှ...
.
Lice တစ်ဦး တည်း စကားတွေပြောရင်း...ကုတင်ပေါ်က အမြန်ဆင်းကာ...အောက်ထပ်သို့..လှေကားထစ်တွေအတိုင်း ဆင်းလာခဲ့လိုက်သည်။...
.
ဧည့်ခန်းမှာလည်း ဘယ်သူမှမရှိ...
သူမ အခန်းမှာလဲ မရှိ...
ရေချိုးခန်းထဲမှာလည်း ရေကျသံမကြား...
မီးဖိုချောင်ထဲမှာလည်း အရိပ်တောင်မတွေ့...
ခြံထဲဆင်းပြီး...
ရှာလိုက်ပေမယ့်....သူမနဲ့ တူတဲ့ လူရိပ်တောင်မတွေ့ခဲ့....သို့ပေမယ့်
ခြံထဲက...ပန်းပင်လေးတွေ ကိုတော့ ရေလောင်းထားသလိုပင်...
ပန်းရွက်လေးတွေတောင် ရေစက်လေးတွေ...
တွဲခိုနေဆဲ....
ရှာနေတာ သူပိုင်တဲ့ နေရာတွေနှံ့လို့စုံနေပြီမို့...လက်လျှော့လိုက်သည်။
.....................ထို့နောက်.....
Dining room ထဲကိုသာ ခေါင်းငိုက်စိုက်ကာ ပြန်ဝင်လာလိုက်သည်။....
ရေခဲသေတ်တာကို ဖွင့်ပြီး ကြည့်လိုက်တော့...
အသားတွေနဲ့ အရွက်တွေသာ ကျန်တော့သည်။
ပေါင်မုန့်လည်းမရှိ...
နို့လည်းမရှိတော့.....
သူစိတ်ပျက်ပျက်နဲ့...ရေခရားကိုသာ လှည်းယူပြီး...ထမင်းစားခုံပေါ်မှာ ချထားလိုက်သည်။...
ဖန်ခွက်တစ်လုံးကို ယူလိုက်တော့....
ဖန်ခွက်တွေ ​ေမှာက်ထည့်ထားတဲ့
ခြင်းလေးထဲမှာ စာခေါက်လေး တစ်ခု....
သူအမြန်ကောက်ယူဖတ်လိုက်သည်။...
.
.
.📃
ဦး ရေ မနက်စာ ပြင်ထားပေးတယ်နော်...
တစ်ပတ်စာ မုန့်တွေကုန်သွားပြီမို့ ရှိတာလေးဘဲ အဆင်ပြေသလို လုပ်ထားပေးတယ်...Nini ကျောင်းနောက်ကျမှာ စိုးလို့...ဦး ကို မနိုးဘဲ ထွက်သွားလိုက်တာ...ဦး လည်း အိပ်ရေးမဝမှာ စိုးရိမ်လို့ပါ....📃
.
😊😊....
ထိုစာလေးကို ​ဖတ်ပြီး သူသိသိသာသာကြီး ပြုံးလိုက်သည်။...

ချစ်ခြင်းနဲ့အတူ ....jenlisa Where stories live. Discover now