17❤

1.8K 124 9
                                    

.
ဒီနေ့တော့....
Jennie တစ်ယောက်... ကျောင်းကို မရောက်ဖြစ်တော့ပါ....။
Lice ရဲ့ ခေါ်ဆောင်မှုနဲ့ မိဘမဲ့ဂေဟာ တစ်ခုကို ရောက်သွားခဲ့သည်။
.
"ဦး​ဦး Li...."

ကလေးတွေက lice ကိုမှတ်မိနေကြသည်။..
သူတို့လေးတွေက အခုချိန်မှာတော့ Jennie နဲ့ မတိမ်းမယိမ်းလေးလောက် ရှိနေပါပြီ...
.
Lice နော်ဝေးကို မသွားခင်ကတည်းက ဒီဂေဟာလေးမှာ တစ်လကို ၄ခါ...တစ်ပတ်ကို ၁ခါလောက်...အမြဲရောက်နေကျပါ...။
အဲ့အချိန်တုန်းကဆိုရင်...
ဒီကလေးတွေက ငယ်သေးသည်။
အခုတော့...
သူတို့ထက်ငယ်တဲ့....ကလေး တစ်ချို့ကို ပြန်တောင် ထိန်းတတ်နေသည်။
ဂေဟာမှာ လိုအပ်တဲ့နေရာလေးတွေကိုပါ လိုက်ပြီး ဝိုင်းကူ တတ်ပြီပေါ့...။
.
Irene ဆိုတဲ့ ကလေးမလေးက... Lice ကို တွေ့တာနဲ့ တံမြက်စည်း လှည်းနေရာမှ...
.
"ဦး Li...လာလေ...အထဲဝင်..."

L"nae.. Jennie... လာခဲ့.... "

အရင်က li နဲ့ အတူ ဆော့ခဲ့ဖူးတဲ့ ကလေးတွေက...အတော်လေးကို ကြီးပြင်းလာကြပြီ...
.
အရင်က li ဂီတာ တီးပြီး သီချင်းဆိုပြရင် လိုက်က တတ်တဲ့ ကလေးတွေက....
အပျိုပေါက်စလေးတွေတောင် ဖြစ်လုဆဲဆဲပင်....
သူတို့ အားလုံးရဲ့ လိုအပ်တဲ့ ကျောင်းစရိတ်တွေနဲ့...တခြားသော နေရာတွေကိုပါ Lice တို့ Manoban မျိုးဆက်တွေက ထောက်ပံ့လှူဒါန်းထားတာကြောင့်....
Lice ရောက်လာတဲ့ အချိန်တိုင်း အားလုံးက ဝိုင်းပြီး ဧည့်ခံပေးကြသည်။
တစ်ယောက် တစ်မျိုး မရိုးသော စကားလုံးများစွာ နဲ့ စကားဖောင်ဖွဲ့ကာ ပြောနေကြသည်မှာ ပျော်ဖို့ အရမ်းကောင်းနေခဲ့သည်။...
.
L"သူမက...Kim Jennie Manoban... ဦး Li ရဲ့ ညီမလေး "

"ဦး Li မှာ ညီမလေး ရှိတာလား အရင်က မတွေ့ဖူးပါဘူး..."

(ညီမလေး မဟုတ်ပါဘူးကွယ်...Kim Jennie က ဦး Li ရဲ့ မတော်ရသေးတဲ့ မိန်းမိန်း ပါ😂😂).
.
.
L"အရင်က မရှိခဲ့ပေမယ့် အခုရှိသွားပြီ...ဘယ်လိုလဲ သူက ချောတယ်မလား 😁"

All" Nae ချောတာပေါ့..."

L" အကြောင့် ဦး Li သူ့ကို ချစ်တာ... "

All" ဟင်!......😱😱..ဘယ်လို... 😱...

J" ဟာ!...ကိုကြီး....

L" နောက်တာပါဗျ... ကဲ...အားလုံးဘဲ ဦး Li ပြောချင်တာက ဦး li ဒီကို နောက်ပိုင်း မလာဖြစ်ရင်...ဦး li ရဲ့ ချစ်ရတဲ့ ညီမလေး Jennie က လာခဲ့မှာပါ..."

ချစ်ခြင်းနဲ့အတူ ....jenlisa Where stories live. Discover now