43❤

2.6K 133 4
                                    

...ဘဝက..
လှပမလိုနဲ့...အထီးကျန်ပြီး..
အကျဥ်းတန်ခဲ့တယ်...
အချစ်နဲ့...
ဝေးခဲ့တဲ့ အချိန်လေးမှာပေါ့...
.
.
................................................................
.
Chae နဲ့ Soo တို့ရဲ့ Wedding ပြီးလို့..
.
၃ ရက် အကြာမှာတော့...
Jenlisa တို့ Wedding အတွက် စီစဥ်ရပြန်သည်။

Mr kim လည်း..
Ms Manoban နဲ့ အမြင်မကြည်ပေမယ့်...သူ့ရဲ့ သမီးငယ် နဲ့ သမက်လောင်းရဲ့ လက်ရှိအဖြစ်က
နောက်ဆုပ်လို့ မရတော့တဲ့ အခြေနေမို့ လက်ခံလိုက်ရသည်။
.
Mr Manoban ကတော့ ကျန်းမာရေး အတော်လေး ပြန်ကောင်းလာခဲ့ပြီ...ဆိုပေမယ့်လည်း
လမ်းတော့ မလျှောက်နိုင်သေး...
ဖခင်ဖြစ်သူရဲ့ မျက်နှာကြောင့် မိထွေးဖြစ်သူ ကျူးလွန်သမျှကို...နားလည်မှုတွေ ထားပေးလိုက်သည်။ lice က မိထွေးအပေါ် သဘောထားကြီးချင်သူ မဟုတ်...
Lice အရင်စိတ်နဲ့ဆိုရင်တော့...
ပြစ်ဒဏ်ပေးမိမှာ အမှန်ပင်။.....။
.
ဒီနေ့ညမှာတော့...
နှစ်ဖက် မိသားစုတွေ... ပြန်လည်ရင်းနှီးဖို့အတွက် ညစာစားပွဲလေး တစ်ခု..
Manoban စံအိမ်ကြီးရဲ့ ခြံဝန်းကျယ်ကြီး၌ ပြုလုပ်ကျင်းပကြသည်။
.
Mr kim တို့ မိသားစု နှင့် Park Chaeyoung တို့ သားအမိ တို့ စံအိမ်တော်သို့..
ရောက်ရှိလာကြသည်။
.
L" ရောက်လာကြပြီလား...ကြွပါခင်ဗျ.."

Mr kim နဲ့ Ms park တို့ အရင်ဝင်သွားကြပြီးနောက်...

L" Soo ဖြေးဖြေးဆင်းနော်...ဒါနဲ့ ဟိုကောင်ရော...Young.. ဟျောင့်.."

C" ဒီမှာပါကွာ...လာပြီ..

L" ဟျောင့် ငyoung မင်းနော် မိန်းမကို ဂရုမစိုက်ဘူး ဟိုက မပေါ့မပါးနဲ့"

C" မ အတွက် ခြုံပုဝါ ယူပေးနေလို့ပါကွာ...မ လာလေ အေးနေပြီ မောင် ပုဝါခြုံပေးမယ်နော်"

S" ရပါတယ် မောင်ရဲ့ အရမ်းကြီးလည်း အေးမနေပါဘူး... Lice... jen ကို ခေါ်သွားလိုက်လေ"

J" ဟွန့်... မလိုပါဘူးနော် မမ ကိုယ်ဘာသာ အရင်သွားနှင့်...jen က ဦးနဲ့အတူ ခြံထဲ လျှောက်သွားအုံးမှာ..."

C" ဟုတ်ပါပြီ အရမ်းကြီးနောက်မကျစေနဲ့နော် မ..လာ မောင်တို့ အရင် သွားကြမယ်"

S" အင်...jen မမတို့ အိမ်ထဲ ဝင်ပြီနော်.."

J" ဟုတ်..မမ...Oppa young...ဗိုက်ဆာရင် အရင်စားနှင့်လေ😁😁

ချစ်ခြင်းနဲ့အတူ ....jenlisa Where stories live. Discover now