30❤

2.1K 125 6
                                    

.
C"Omma နေရထိုင်ရ သက်သာရဲ့လားဗျာ...Omma ကိုကြည့်ရတာ အရမ်းအားနည်းနေသလိုဘဲ..."
.
Ms park "ခေါင်း နည်းနည်းမူးနေသေးတယ် သား"

C"သေချာတာပေါ့.. အားနည်းနေလို့ပါ...Doctor က Omma အစား များများစားဖို့ မှာခဲ့တယ်...အစားများများ စားပါနော် Omma... ဒါမှ အားရှိမှာ..."

Ms p" စားချင်စိတ်လည်း မရှိပါဘူး သားရယ်.."

C" အဲ့လို နေလိုမရဘူးလေး Omma... ရယ် သား ခွံ့ကျွေးမယ်နော်...Omma ...စွပ်ပြုတ်လေး သောက်ရအောင်... "

Ms p" 😔...

Chaeyoung.. တိုက်တဲ့ စွပ်ပြုတ်ကိုတောင် လှည့်မကြည့်ဘဲ မျက်လွှာလေးချကာ...တဖက်သို့ မျက်နှာလှည့်သွားတဲ့ Ms Park..။
သား ဖြစ်သူ ကျောင်းဆက်တက်ဖို့အတွက်..
သူမရဲ့ ခင်ပွန်းဘက်က ဆွေမျိုးတွေဆီ အကူအညီ သွားတောင်းခဲ့တဲ့ သူမ...
အဆင်မပြေခဲ့တာကြောင့် စိတ်ထိခိုက်ပြီး...နှလုံးရောဂါ ပြန်ထလာခဲ့ခြင်း...
ကံကောင်းလို့သာပေါ့ ထိုနေ့က သား ဖြစ်သူ အိမ်ပြန်ရောက်တာ စောခဲ့လို့....
.
ဒီ ကိစ္စကို Chaeyoung သာ သိခဲ့ရင်...သူအမေ့ကို...နားလည်နိုက်မည် မဟုတ်ချေ
သူကိုယ်တိုင် သူ့အဖေ ဘက်က ဆွေမျိုးတွေကို မုန်းနေခဲ့လို့ပါ...။
သူ့အဖေ ရှိစဥ်က ဆွေမျိုးတွေကို ထောက်ပံ့ပေးခဲ့သမျှ သူ့အဖေ မရှိတော့တဲ့ နောက်ပိုင်း...
အခေါ်အပြောတောင် အလှမ်းကွာဟခဲ့တဲ့ ဆွေမျိုးသားချင်းများ...
...အော်...ရွှေမရှိရင် အမျိုးမတော်ချင်ကြဘူး...ဆိုတဲ့ စကားက Park Chaeyoung ဆိုတဲ့ သူ့အတွက် အရမ်းကို မှန်ကန်နေခဲ့သည်။...
.
Chaeyoung သူ့အမေကို အာဟာရနဲ့ ဆေးကို...အတော်လေးချော့ပြီးတော့...
ကျွေးလိုက်ရသည်။...
Doctor ဝင်လာပြီး...လိုအပ်တာတွေ လုပ်ထားပေးတာမို့...Chaeyoung သိပ်စိတ်မပူခဲ့ရပေ။
အိပ်​ေဆးအထိုးခံလိုက်ရတာကြောင့် သူ့အမေ ခမျာ.. မကြာခင်လေးမှာဘဲ မျက်တောင်လေးစင်းကာ...အိပ်စက်အနားယူသွားသည်။...
Chaeyoung လည်း...မိခင် အိပ်နေချိန်လေးသာ အားတမို့...ဖုန်းကို ထုတ်ကာ ကြည့်လိုက်သည်။....
.
💭ကျစ်😖..ဖုန်းက အားကုန်သွားပြီ...Omma ကို စိတ်ပူတာနဲ့ ဖုန်းအားသွင်းဖို့တောင် သတိမရလိုက်ဘူး...မ တော့ ဖုန်းတွေ ခေါ်ထားလောက်ပြီ ထင်တယ်💭
.
Chaeyoung အတွေးတွေနဲ့ အတူ...
ဖုန်းအားသွင်းရန် သူ့ရဲ့ ကျောပိုးအိတ်ထဲကို လက်နှိုက်ကာ အားသွင်းကြိုးကို ရှာကျင့်လိုက်သည်။...
.
💭သေလိုက်တော့ကွာ အားသွင်းကြိုး ပါမလာဘူး...တောက်!!!💭
.
တက်တစ်ချက်ခေါက်လိုက်ပြီး...
ဖုန်းကို ဘောင်းဘီအိတ်ထဲကို ထည့်လိုက်သည်။...
Nurse ကောင်တာဆီ လျှောက်သွားလိုက်ကာ...
.
C" ဟို...Unine ခင်ဗျ ကျွန်တော် အကူညီ တစ်ခုတောင်ချင်လို့ပါဗျ"

ချစ်ခြင်းနဲ့အတူ ....jenlisa Where stories live. Discover now