.
Soo...ကားနောက်ကြည့်မှန်ကနေ သူ့ကို လှမ်းကြည့်မိတာ အကြိမ်ကြိမ်...
.
တစ်ခါတစ်လေ ဆိုရင် သူ့အကြည့်နဲ့ ဆုံခဲ့သည်။...
သူက Sooနဲ့ မျက်ဝန်းတွေ ဆုံသည်နှင့် ချာခနဲ့ ပြန်လှည့်သွားသည်။
ဘာရယ်တော့ မဟုတ်...
သူ့ဘက်က သူစိမ်းလို့ ပြုမူသလို ခံစားရသည်။💭Park Chaeyoung ရယ် ကျွန်မ လည်းရှင့်ကို စိတ်ဝင်စား မိနေတယ်...ဒါပေမယ့် ကျွန်မ ခံစားချက်တွေ ကို ရှင့်ကို ထုတ်မပြပါရစေနဲ့နော် ကျွန်မက ကိုယ့်ဘဝ ကိုယ်မပိုင်သလို ကျွန်မ နှလုံးသါးကိုလည်း...ကျွန်မ မပိုင်လို့ပါ...ကျွန်မကို နားလည်ပြီး ရှင့်ကို ခိုးချစ်ခွင့်လေးတော့ ပေးပါ....💭
.
Soo အတွေးတွေထဲမှာ Young ဆိုတဲ့ သူ တစ်ယောက်တည်းသာ နေရာယူနေခဲ့တာ သူသိပါမလား...။
LonDon ကနေ စီးပွားရေး ဘွဲ့ယူပြီး Korea ကို ပြန်လည် အခြေချဖို့ ဆုံးဖြတ်ထားတဲ့ သူမ....
ကုန်လွန်ခဲ့တဲ့ အချိန်တွေ...နေ့ရက်တွေ...လတွေ...နှစ်တွေ များစွာထဲမှာ...စာနဲ့ သာ အဖော်ပြုခဲ့တဲ့ သူမ...
အချစ်ရေးကို ဦးစားမပေးခဲ့တဲ့ သူမ
တက်ခဲ့ သမျှ ကောလိပ်ကျောင်းတွေ မှာ...
အချောအလှ စာရင်းဝင် ဖြစ်ခဲ့ရုံမက...
သူမရဲ့ အချစ်ကို လိုချင်လွန်းလို့ လက်ဆောင်များစွာ...ပေးသူပေး ပို့သူပို့နဲ့ သူမ ကို ပိုးပန်းခဲ့ကြသည့် ယောကျာ်းသားတွေမှ အများကြီီး သိုပေမယ့်...
သူမ စိတ်မယိုင်ခဲ့....
.
အခု.....
.
Chaeyoung ဆိုတဲ့ သူနဲ့မှ.... သူမ ရင်ခုန်တတ်သွားလား မသိ....
.
တကယ်ပါ...Soo... Chaeyoung ကို ချစ်မိနေပြီ....
သူနဲ့ အကြည့်ဆုံရတာကို သူမ နှစ်သက်သည်။
ရင်ခုန်သည်။
.
ကားရဲ့ မှန်တံခါးထဲကနေ....အပြင်ဘက့်ကို ငေးနေရင်း...သူမ အတွေးတွေကို ခနရပ်ဖို့ရန်အတွက်...Earphone တပ်ကာ...ဖုန်းထဲက သူမအကြိုက်ဆုံး သီချင်း လေးကိုဖွင့်ထားလိုက်သည်။....
.
.
Young လည်း ကားမောင်းနေရာမှ....
Jisoo ကို ကားနောက် ကြည့်မှန်ကနေ လှမ်းကြည့်လိုက်သည်။
နားရွက်ပေါ် နားကြပ်လေးတပ်ကာ...
သီချင်း နားထောင်နေသည့် သူမ..
အပြင်ဘက်ကို ငေးရင်း...တိတ်ဆိတ် တည်ငြိမ်နေသည်။...
သူမက. အရမ်းလှပြီး ကျက်သရေ ရှိသည်။
ဘယ်လိုလို နေနေ လွန်စွာ ချစ်စရာလေး ကောင်းလွန်းသည်။
သူမရဲ့ အလှတွေ ကတည်ငြိမ်အေးချမ်းတဲ့ အလှ မြင်ရသူမှာ ရင်အေးရသည်။
ထို့ကြောင့်လည်း...
Chaeyoung မှာ သူမကို မြင်လျှင်မြင်ချင်း ချစ်စိတ်ဝင်ကာ...
မြတ်နိုးခဲ့ရသည်။
အခုတော့....
သူမရဲ့ ကံကြမ္မာက သူ မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ စေ့စပ်ကြောင်းလမ်းခြင်း ပြုလုပ်တော့မည်။
ချစ်ရသူ နဲ့
ကွေ့ကွင်းခြင်း ဆိုတဲ့ ဝေါဟာရ က သူ့အတွက် ကြောင့်များလား...
သူ....သူမကို အရှုံးဆုံး မခံနိုင်ပါ...။
လွန်စွာ မြတ်နိုးနေမိသည်။
.
သူတို့နှစ်ယောက်ရဲ့ ရင်ထဲ နှလုံးသားထဲ အချစ်တွေကို တစ်ယောက် တစ်လှည့် စီ ဖွင့်ဟ ဝန်ခံခွင့်ရှိပါ့မလား....
ဒါကတော့....
ကံကြမ္မာရဲ့....လှည့်ကွက်ကိုဘဲ စောင့်ကြည့်ရမှာပေါ့....။
YOU ARE READING
ချစ်ခြင်းနဲ့အတူ ....jenlisa
Fiksi Penggemarငါ့အတွက် အချစ်ဆိုတာ...မင်းနဲ့မှ စ၍ဖြစ်တည်ခဲ့တာ... မုန်းခြင်း မရှိတဲ့ ချစ်ခြင်း... တပ်မက်ခြင်း မရှိတဲ့ မြတ်နိုးခြင်း... စွန့်လွှတ်ခြင်း မရှိတဲ့ တွယ်တာခြင်း....တွေနဲ့..မင်းကို ငါ့ဘဝအတွက် လိုအပ်တယ်...