Arc(2) No.(1) Host /11/

3.7K 554 12
                                    

[Unicode]

//ဆယ်ကျော်သက်အချစ်ဂိမ်းကိုကစားနေတာလား?//

တုဟွိုင်အန်းစိတ်ထဲကအတွေးတွေကို ပိုင်ကျီမသိပေမယ့် သတိရှိရှိနဲ့ညီငယ်လေး တာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်နေဆဲပင်။

"ကျွန်တော် ခင်ဗျားအတွက်ဟင်း​ထည့်ပေးမယ်"

"ကျွန်တော်ရေ​ဖြည့်ပေးမယ်"

"ကျွန်တော်ယပ်ခပ်ပေးမယ်"

"ကျွန်တော်...."

"သခင်လေးကျန်းကျို"

တုဟွိုင်အန်း ပိုင်ကျီ့လက်ကိုဖမ်းဆွဲလိုက်၏။​ ထို့နောက် ဒီအခြေနေတွေကိုဘယ်လိုပြောသင့်လဲ စဥ်းစားလိုက်ကာဆက်ပြောလာပေသည်။

"သခင်လေးအဲ့လောက်ကြီး ကိုယ့်အပေါ်အာရုံစိုက်ပေးဖို့မလိုပါဘူး"

"အဲ့လိုမဟုတ်ပါဘူး" ပိုင်ကျီ ဂျောက်ဂျက်ခါသလိုခေါင်းခါပြလာသည်။

"ကျွန်တော်ကကောင်းကောင်းဂရုစိုက်ပေးနေတာပါ"

တုဟွိင်အန်းယဲ့ယဲ့လေးပြုံးလာ၏

"သခင်လေးကတော့ ကျွန်တော်နဲ့ပတ်သတ်ပြီး နားလည်မှုလွဲနေတာလေးတချို့ ရှိနေတယ်ထင်တယ်"

တုဟွိုင်အန်းခဏမျှရပ်သွားကာ ဆက်ပြောလာသည်။ "ကျွန်​တော်မျိုးဟွိုင်အန်းက သခင်လေးကျောင်ကို သခင်အဖြစ်လက်ခံထားတာပါ။ ဒါကြောင့် သခင်လေးကဒီလိုမျိုးနှိမ့်ကျတဲ့ အလုပ်တွေကိုလုပ်နေစရာမလိုပါဘူး"

သူပြောတာကြားတော့ ပိုင်ကျီမေးထောက်ရင်း တုဟွိုင်အန်းကိုအချိန်ကြာကြီး စိုက်ကြည့်နေပြီးမှပြောလာသည်

"ဒါဆိုကျွန်တော်ခင်ဗျားရဲ့ customer
မဖြစ်ချင်တော့ဘူး"

"ဟင်?"

"ကျွန်တော်ခင်ဗျားရဲ့ညီ......သူငယ်ချင်းလေးဖြစ်ချင်တယ်"

တုဟွိုင်အန်းဆီက ချက်ချင်းဆိုသလိုရယ်သံထွက်လာ၏

"ကိုယ့်ရဲ့သူငယ်ချင်း​လေးလား?"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး "

ပိုင်ကျီအလွန်မြန်ဆန်စွာပဲငြင်းဆိုလာ၏။ သူအခုလေးတင် 'ခင်ဗျားရဲ့ညီငယ်လေး' လို့မဆင်မခြင်ပဲပြောထွက်မိတော့မလို့။ ကံသီပေလို့
ကိုယ့်ကိုကိုယ်အမြန်ပြန်ပြင်ပြောလိုက်နိုင်တာ။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now