Arc(1) ရုပ်ရှင်ဧကရာဇ် /3/

4.7K 769 20
                                    

[Unicode]

//အိုးမည်းတစ်လုံးအားမခြင်း//

တိတ်ဆိတ်ခြင်းတို့ကြီးစိုးသွားသည်။

သူတို့ရဲ့အကြံအစည်က လမ်းမှားရောက်နေ​ပြီလို့ပိုင်ကျီခံစားမိလိုက်၏။

"Systemဦးလေးကြီး ဘာဖြစ်တာလဲဟင်"

"ဗီလိန်က မင်းသစ္စာရှိမရှိကိုစမ်းသပ်နေတာ"
ဘာမှစိုးရိမ်မနေနဲ့ ပြောစရာရှိတာပြောလိုက်တော့"

"ဘာပြောရမှာလဲ?" ပိုင်ကျီထိတ်ထိတ်ပျာပျာနဲ့systemကိုမေးလိုက်​တော့
Systemကတော့စကားဆိုမလာတော့ပါ​ပေ။

ဖန်ကျင်းမော့ သူ့​ရှေ့ကသူပြောလာမှာကိုစိတ်ရှည်ရှည်နဲ့စောင့်နေပေမယ့်
အချိန်တစ်ခုကြာတဲ့အထိဘာမှမပြောလာတာကြောင့် သူရူပ်ထွေးချင်ရသွားတယ်။ နောက်ဆုံးတော့သူကောက်ချက်ချလိုက်တော့သည်။

'သူ့မျက်လုံးတွေက ငါ့ကိုတည့်တည့်မကြည့်ဘူးဆိုတော့ အိုး..သူရှက်နေတာပဲ။

စကားတွေပြောတာကလဲ ထစ်နေပြီး ပြီးအောင်တောင်မပြောနိုင်တော့ဘူးပဲ ကျစ်...ဒါသူစိတ်လှုပ်ရှားနေတာ။

ထီးကိုငါ့ဘက်စောင်းပေးထားတာပဲကြည့်
အဲ့တာ သူငါ့ကိုကြိုက်နေလို့ပဲ'

ဘာဖြစ်ပဲဖြစ်ဖြစ် ငါလည်းသူ့ကိုမုန်းတာမှမဟုတ်တာဘဲ​လေ။ နောက်မှသူ့ကို ပါးပါးနပ်နပ်လေးနဲ့ငြင်းလိုက်မယ်။ ဖန်ကျင်းမော့ တိတ်တဆိတ်တွေးနေခဲ့တာဖြစ်သည်။

"သွားကြစို့" ဖန်ကျင်းမော့ပြောလိုက်တယ်။

"အိုး အိုး "ပိုင်ကျီ စိုးရိမ်စိတ်​တွေ ပျောက်ကွယ်သွားပြီး ဖန်ကျင်းမော့အတွက် ထီးစောင်းပေးခြင်းအလုပ်မှာဘဲ စိတ်နှစ်ထားလိုက်တော့၏။

နှစ်ယောက်သား စကားမပြောဘဲတိတ်ဆိတ်နေကြရာ ရိုက်ကွင်းကထွက်လာကတည်းက လေထုဟာလည်းစိမ်းသက်နေသည်။ လမ်းထိပ်မှာရပ်ထားတဲ့ အနက်ရောင်ကားလေးကိုလှမ်းမြင်နေရပေပြီ။

ဖန်ကျင်းမော့ သူတစ်ခုခုပြောရတော့မယ့်အချိန်ရောက်ပြီဆိုတာသိလိုက်ပြီး မျက်မှောင်ကျုပ်လိုက်ရင်း "တုကျန်း"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Donde viven las historias. Descúbrelo ahora