Arc(4) ကျောင်းလူဆိုးလေး /34/

1.8K 305 13
                                    

#Unicode#

"စမ်းကြည့်လေ"

ခဏမျှတိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ကျီကွေ့ချန် ပြန်ဖြေလာသည်။
ပိုင်ကျီတစ်ယောက်ထိုစကား၏ အဓိပ္ပာယ်နားလည်ရန် ကြိုးပမ်းနေရင်း ရုတ်တရက် အတန်းဆင်းခေါင်းလောင်းသံ​မြည်လာတော့သည်။ သူချက်ချင်းဆိုသလို လက်ကိုပြန်ဆွဲယူကာ သေသေချာချာလေးမတ်တပ်ရပ်လိုက်သည်။ သင်္ချာဆရာ အတန်းထဲကထွက်လာပြီး ဘာစကားမှမပြောပဲ ပိုင်ကျီ့ကိုလက်ညိုးထိုးကာ ခေါင်းခါပြလာပြီး ကျီကွေ့ချန်ကိုခေါ်သွားလေသည်။

ပိုင်ကျီ မသိစိတ်အလျောက် ကျီကွေ့ချန်နောက်သို့ လိုက်ဖို့လုပ်လိုက်ပေမယ့် ကျီကွေ့ချန်က သူ့ကို ညင်သာစွာငုံ့ကြည့်လာပြီး ခပ်ဖွဖွလေးပြုံးပြလာသည်။

ပိုင်ကျီ့ ခြေလှမ်းများပင်ရုတ်တရက် ရပ်တန့်သွားရသည်။ ပိုင်ကျီမျက်တောင်များခတ်နေရင်းမှာပင် လော့လဲ့တစ်ယောက် ဆွဲခေါ်သွားတာခံလိုက်ရကာ သူ့ထိုင်ခုံပေါ်ပြန်ရောက်သွားရသည်။

ခန္ဓာကိုယ်ကနေ ဝိညာဥ်ထွက်သွားသကဲ့သို့ဖြစ်နေသော ပိုင်ကျီ့ကို လော့လဲကြည့်လိုက်ပြီး လက်မြှောက်ကာ သူ့ရှေ့မှာ နေ့တစ်ဝက်လောက် ယမ်းပြလိုက်သည်။

"ဘော့စ် အတန်းတက်ရလို့ ပင်ပန်းနေပြီလား"

ပိုင်ကျီတစ်ယောက် လော့လဲ့ပြောလာမှတစ်ခုခုကိုသတိရလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပိုင်ကျီခါင်းငုံ့ကာ စားရေးစာပွဲအံဆွဲအောက်ရှိ အိမ်စာစာရွတ်တချို့ကို လှုပ်ရမ်းပြလာသည်။ ထို့နောက် ကျပန်းမေးခွန်းတစ်ခုကို လက်ညိုးထောက်ပြလာပြီး လော့လဲ့ကိုမေးလာသည်

"ဒီမေးခွန်းအတွက် မင်းဘာကိုရွေးထားလဲ"

လော့လဲ ခဏမျှ အံ့အားသင့်သွားသည်
"အဆုံးသတ်သွားပြီပဲ ဘော့စ်တစ်ယောက် မတ်တတ်ရပ်ရင်း စိတ်ဖောက်ပြန်သွားပြီ"

ပိုင်ကျီ သူ့လက်ကိုမြှောက်ကာ ရိုက်ထည့်လိုက်သည် "မင်းပဲ စိတ်ဖောက်ပြန်နေလိုက်၊ မြန်မြန် ငါ့ကိုအဖြေမှန်ပြော!"

"ဘောစ့် မင်းငါ့ကို လာနောက်နေတာလား!"
လော့လဲ ဝမ်းနည်းနေသည့်မျက်နှာနှင့် အိမ်စာစာရွတ်ကို နေ့တစ်ဝက်လောက် နက်နက်ရှိုင်းရှိုင်းကြည့်ကာ ရုတ်တရက် ဂုဏ်ယူနေသောမျက်နှာထားဖြင့် "အိုး" ဟု အသံထွက်လာသည်။ ဒါကိုမြင်တော့ ပိုင်ကျီ ချက်ချင်း စိတ်လှုပ်ရှားသွားသည်
"ဘယ်တစ်ခုကို ရွေးရမလဲဆိုတာ သိ​ပြီလား"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Tempat cerita menjadi hidup. Temukan sekarang