Arc(2) No.(1) Host /14.1/

3.2K 542 23
                                    

[Unicode]

//သံမဏိချောင်းတွေကိုလက်ဗလာနဲ့ချိုးနိုင်​ပြီး ဘိလပ်မြေကိုလည်းအသာလေးခွဲနိုင်တဲ့အပြင် သူ့လက်တစ်ဖက်တည်းနဲ့လူဆိုး
ဆယ်ယောက်ကိုတောင် အမှောက်သိပ်လို့ရတယ်။//

နှင်းပွင့်နှင်းချပ်လေးတွေဟာပျံ့လွင့်နေပြီး တိတ်တဆိတ်ပဲလမ်းမပေါ်ကိုသက်ဆင်းသွားကြ၏။ ထိုထိုနှင်းပွင့်လေးတွေက သူတို့နှစ်ဦးသားရဲ့ပုခုံးတွေပေါ်ကိုသက်ဆင်းလာကြပြီး သူတို့ဆံပင်တွေကြားမှာရောယှက်နေ​ကြပေသည်။

တုဟွိုင်အန်းသူ့ကိုလွှတ်ပေးလာပြီး သူ့နှုတ်ခမ်းတွေကိုအသာ​လေးပွတ်ပေးလာတဲ့အချိန်ထိ ပိုင်ကျီဒီတိုင်းလေးငြိမ်နေခဲ့သည််။ အတန်ကြာတဲ့နောက်မှာတော့ ပိုင်ကျီမေးလိုက်တော့၏။

"Customerတိုင်းကို အဲ့လိုပဲနှုတ်ဆက်လက်ဆောင်ပေးနေကျလား?"

တုဟွိုင်အန်း ကိုယ်မတ်သွားကာခေါင်းငုံ့လာသည်။ သူ့လေသံကလေးနက်နေပြီး တည်ကြည်စွာပြန်ဖြေလာလေ၏။

"မဟုတ်ဘူး အဲ့တာကမင်းအတွက်ပဲ မင်းတစ်ယောက်တည်းအတွက်သီးသန့်"

တုဟွိုင်အန်းရဲ့အသံကအနည်းငယ်အက်ရှမှုမျိုးပါဝင်နေပြီး ပိုင်ကျီ့ရဲ့နား​ထဲသို့ညင်ညင်သာသာလေးဖြတ်သန်းဝင်ရောက်လာသည်။ ပိုင်ကျီ ခေါင်းငုံ့သွားပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားကာ ကူကယ်ရာမဲ့စွာပဲသူ့လက်ချောင်းတွေကိုပြန်ဆွဲယူလိုက်တော့၏။ အဲ့နောက်မှာတော့ ပိုင်ကျီတစ်ဖက်သို့လှည့်သွားကာထွက်ပြေးသွားပြီး လမ်းတလျှောက်ရှိ
နှင်းပေါ်များတွင် ခြေရာများထင်ကျန်သွားစေခဲ့သည်။

တုဟွိုင်အန်းနေရာမှာပဲရပ်ကျန်​နေဆဲပင်။ ထိုသူထွက်သွားတာကိုလှည့်မကြည့်ခဲ့သလို မသွားပါနဲ့လို့သူမတားခဲ့ချေ။ အချိန်တော်တော်လေးကြာသွားတဲ့နောက်မှာမှ သူ့ကိုယ်ကို​ဖြည်း​ဖြည်းချင်းကိုင်းလိုက်ကာ မြေပြင်ပေါ်မှာပြုတ်ကျနေတဲ့ နှင်းလူသားရုပ်လေးကို​အလွန်ဂရုတစိုက်ကောက်လိုက်သည်။ သူနှင်းတွေကိုပြန်ပြီးဖိထည့်လိုက်ပြီးကာမှ သက်ပြင်းအသာချမိရင်း ရင်ဘက်နားမှာကိုင်ထားလိုက်၏။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Kde žijí příběhy. Začni objevovat