Arc(2) No.(1) Host /17.1/

3.4K 550 17
                                    

#Unicode#

//သူငါ့ကိုစောင့်နေတယ်//

တုဟွိုင်အန်းထိုသို့ပြောပြီးနောက် လက်​ထောက်အားထို​​နေရာတွင်ထားရစ်ခဲ့ကာ အလျှင်အမြန်ထွက်လာခဲ့တော့သည်။

တုဟွိုင်အန်း ဓာတ်လှေကားမှ ဆင်းလိုက်ကာ သူ့ခြေလှမ်းများဟာ ပေါ့ပါးနေပေသည်။
သူဒီည အိမ်ပြန်ရင် ကျန်းကျိုအတွက်လက်ဆောင်တွေဝယ်သွားသင့်လားဟု
စဥ်းစားနေစဥ်မှာပဲ ရင်းနှီးနေသောပုံရိပ်လေးအားတွေ့လိုက်ရာ တုဟွိုင်အန်း၏ ခြေလှမ်းများရပ်တန့်လိုက်လေသည်။

ပိုင်ကျီ လှေကားစောင်းပေါ်မှာ ဝပ်ဝပ်လေးထိုင်နေကာ သူ့၏ပုခုံးပေါ်တွင်လည်း မီးခိုးရောင်ကြက်တူရွေးတစ်ကောင် ရပ်နေလေကာ ပျင်းရိခြောက်ကပ်နေသောလမ်းကို အတူတကွငေးကြည့်နေကြလေသည်။

တုဟွိုင်အန်း ချောင်းဟန့်လိုက်ရာ လူတစ်ယောက်နဲ့ကြက်တူရွေးတစ်ကောင်လှည့်လာကြပြီး သူအား စေ့စေ့ကြည့်လာကြသည်။

တုဟွိုင်အန်း ရုတ်တရက် အားရပါးရရယ်မောလိုက်ကာ ပိုင်ကျီမတ်တပ်ရပ်ပြီး သူ့တင်ပါးအားဖုန်ခါလိုက်ပြီးမှ သိမ်သိမ်မွေ့မွေ့လေးပြုံးပြလာသည် အထိစောင့်နေလိုက်လေသည်။တုဟွိုင်အန်း ပိုင်ကျီ့အနားသွားလိုက်ကာ ပိုင်ကျီ့လက်လေးအားကိုင်ထားလိုက်တော့သည်။

"အိမ်ပြန်ကြဖို့ ကိုယ့်ကိုစောင့်နေတာလား"

ပိုင်ကျီ ခေါင်းညိတ်ပြသည်။

တစ်နေ့တာ ပင်ပန်းသမျှတွေအကုန်လုံး
ဒီအချိန်ခဏလေးအတွင်းမှာပင် သဲလွန်စတောင် ရှာမရအောင် ပျောက်ကွယ်သွားပြီဟု တုဟွိုင်အန်း ခံစားလိုက်ရသည်။သူ ပိုင်ကျီ့ခေါင်းလေးအားပွတ်လိုက်ကာ အရှေ့သို့
ဦးဆောင်၍သွားလေသည်။

"ဘာလို့အထဲမဝင်လာပဲ အပြင်မှာစောင့်နေ
ရတာလဲ"

"ကျွန်တော် ခင်ဗျားနဲ့ အထဲကလူတွေကို
အနှောက်ယှက်ပေးမိမှာစိုးလို့ပါ" ပိုင်ကျီ
လိမ်လိမ်မာမာလေးပြန်ဖြေလာသည်။

"နေထွက်လာတော့ ကျွန်တော်လည်း ​နေပူဆာလုံရတာ နေလို့ကောင်းလို့ပါ"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Tempat cerita menjadi hidup. Temukan sekarang