[Unicode]
//နောက်သုံးရက်အတွက်တော့မင်းကကိုယ့်ရဲ့အရာရာပဲ//
ပိုင်ကျီဆိုဖာပေါ်မှာမလှုပ်မယှက်ထိုင်နေပြီး သူ့အရှေ့ကခဲ့ယွမ်ကိုစိုက်ကြည့်နေ၏။
"ငါနှစ်ဆပေးမယ်"
ခဲ့ယွမ်:"ငါ....."
"သုံးဆ"
ခဲ့ယန်:"မဟုတ်...."
"လေးဆ"
ခဲ့ယွင်: "နေပါအုံး......."
"ငါး......"
"ငါအရှုံးပေးလိုက်ပြီ"
နောက်ဆုံးတော့ ခဲ့ယန်အသံထွက်နိုင်တော့သည်။
"ငါမင်းဆီကနေသူ့ကိုမယူတော့ပါဘူး။ ငါ့ကိုအဲ့လိုမျိုးမကြည့်ပါနဲ့လား"ပိုင်ကျီအစာလုယက်ခံလိုက်ရတဲ့ သားရဲပေါက်လေးတစ်ကောင်လိုပြင်းပြင်းထန်ထန်ဟစ်အော်လာ၏။
"မင်းသူ့ကိုယူလို့မရဘူး!"
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ ငါယူလို့မရပါဘူး" ခဲ့ယွမ်ငိုချင်သွားသည်။
"ငါသာစောစောသိရင်မလာခဲ့ပါဘူး။ အဲ့တာတွေအားလုံးကငါ့ကိုဒေါသထွက်စေခဲ့တဲ့ သူ့အပြစ်ပဲ....."
(သူ ဆိုတာကအမျိုးသားဇာတ်လိုက်ကိုပါ)"မနာခံတတ်တဲ့ယောကျာ်းတစ်ယောက်ကို ရိုက်နှက်ဆုံးမတာကအဆင်ပြေပါတယ်"
ပိုင်ကျီပြောလာသည်
"ဒါပေမဲ့ မင်းရဲ့အစီစဥ်ထဲမှာတုဟွိုင်အန်းကိုပါ ရိုက်နှက်ဖို့ပါမယ်ဆိုရင်တော့ ငါခွင့်မပြုနိုင်ဘူး!"ခဲ့ယွမ်မှာဘယ်လိုလုပ်အဲ့လိုအကြံစည်တွေရှိဖို့ဖြစ်နိုင်မှာလဲ?
"သူဋ္ဌေးလေးငါသူ့ကိုမရိုက်ပါဘူး။ မင်းပဲသူ့ကိုရိုက်ပါ"
"ငါလဲသူ့ကိုရိုက်မှာမဟုတ်ဘူး"
ပိုင်ကျီ တစ်ဖက်သို့လှည့်သွားကာ "*ဦးလေးကြားလိုက်တယ်မလား၊ တုဟွိုင်အန်းကိုကျွန်တော်လုသွားတော့မှာ""ဒါက....."ထိုလူအတော်လေးပြောရခက်သွား၏။
"မစ္စတာတုဟွိုင်အန်းမှာသူ့customersကိုသူရွေးပိုင်ခွင့်ရှိပါတယ်။ မင်းတို့နှစ်ယောက်ငြင်းခုံတာတွေကိုထည့်မတွက်ဘူး"
ŞİMDİ OKUDUĞUN
ငါဗီလိန်ကြီးရဲ့Fan boyတစ်ယောက် ဖြစ်လာပြီ(MM Translation)
FantastikTitle: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန်ကြီးရဲ့Fan boy တစ်ယောက်ဖြစ်လာပြီ) Author: 不著一字 (Zawgyi +Unicode) #this is not my own story #just translation #credit to Author Stated Date: (6.7.2021)