[Unicode]
//ပိုက်ဆံတွေနဲ့ လူတွေကိုပစ်ပေါက်မယ်/
နံရံမျက်နှာပြင်ကိုသစ်သားဖြင့် လှပလက်ရာမြောက်စွာပုံဖော်အလှဆင်ထားပြီး crystal အလင်းရောင်တို့နှင့်အတူသာယာ
ကြည်နှုးဖွယ်တယောသံလေး
တွေက ငြိမ့်ညောင်းစွာစီးဆင်းနေကာ
နံရံတစ်လျှောက် ပန်းတို့ဖြင့်အလှဆင်ထားသည်။ပိုင်ကျီစားသောက်ဆိုင်ရဲ့ထောင့်တစ်နေရာမှာထိုင်နေ၏။ သူ့ရှေ့မှာ ဇောက်ထိုး
ဖြစ်နေတဲ့ဖက်ရှင်မဂ္ဂဇင်းတစ်အုပ်ရှိနေပြီး
သူကတော့ အရှေ့ကိုပဲစူးစူးစိုက်စိုက်ကြည့်နေလေသည်။လှိုင်းအတွန့်ပုံစံဆံပင်နဲ့ အထက်တန်းစားအမျိုးသမီးတစ်ဦးရှိနေပြီး ကျောပေါ်အနက်ရောင်ဂါဝန်က သူမရဲ့ခန္ဓာကိုယ်နှင့်လိုက်ဖက်စွာအချိုးကျနေလျှက် သူမရဲ့လှုပ်ရှားမှုတိုင်းဟာလည်းကြော့ရှင်းနေ၏။
သူမရဲမျက်နှာချင်းဆိုင်မှာ အဖြူရောင်suitဝတ်ထားတဲ့အမျိုးသားတစ်ဦးရှိနေပြီး ထိုအမျိုးသားရဲ့မျက်နှာကတော့ အမျိုးသမီးနှင့်ကွယ်နေလေသည်။ စားပွဲပေါ်မှာတင်ထားတဲ့ ထိုသူ့ရဲ့လက်ကိုသာပိုင်ကျီမြင်နေရသည်။
ထိုသူရဲ့လက်ချောင်းတွေကသွယ်လျပြီး လက်ဆစ်တွေကလည်းထင်ထင်ရှားရှားပေါ်လွင်လျှက်သား။
ဒါကတော်တော်လေးကိုကြည့်ကောင်းတဲ့လက်တွေပဲ။
"Sir ဘာများမှာယူချင်လဲရှင့်"
ပိုင်ကျီ့အကြည့်တွေကိုအမျိုးသမီးတစ်ယောက်ရဲ့အသံကကြားဖြတ်လာသည်။
ပိုင်ကျီ လှည့်ကြည့်လိုက်တော့ပြုံးပြနေတဲ့
စားပွဲထိုးမလေးကိုတွေ့လိုက်ရပြီး
ခဏမျှစဥ်းစားလိုက်ကာ:"အွန်း........မင်းကောင်းမယ်ထင်တဲ့ဟာပေါ့။ တစ်ယောက်စာပဲချပေးပါ"
"ဟုတ်ကဲ့ တခြားဘာတွေများမှာချင်သေးလဲ sir?"
"မလိုတော့ဘူး မလိုတော့ဘူး" ပိုင်ကျီ
သူမကိုမြန်မြန်ပထုတ်ချင်နေလေ၏။ဒါဆိုအားလုံး¥1300ကျပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။
(* ¥1,300 = £146.36 = $201.02)
أنت تقرأ
ငါဗီလိန်ကြီးရဲ့Fan boyတစ်ယောက် ဖြစ်လာပြီ(MM Translation)
خيال (فانتازيا)Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန်ကြီးရဲ့Fan boy တစ်ယောက်ဖြစ်လာပြီ) Author: 不著一字 (Zawgyi +Unicode) #this is not my own story #just translation #credit to Author Stated Date: (6.7.2021)