Arc (4) ကျောင်းလူဆိုးလေး /38/

743 114 7
                                    

[Unicode]


//လေးနက်ပြီးရိုးသားတဲ့ ဒီခံစားချက်တွေက ချစ်မြတ်နိုးရတဲ့သူနဲ့ပဲ ဖြစ်တည်လာရတဲ့အရာ​တွေပါပင်//


ပိုင်ကျီမှာဆန္ဒကြီးကြီးမားမားမရှိတဲ့အပြင် ရှိတာနဲ့ ရောင့်ရဲ​ကျေနပ်တတ်သူလဲဖြစ်၏။ ကျီကွေ့ချန်နဲ့မဆုံသေးခင်ကဆို စားစရာနဲ့သောက်စရာရေရှိရင်ပဲ အလွန်အမင်းပျော်ရွှင်နေတတ်လေသည်။ ကျီကွေ့ချန်နဲ့တွေ့ပြီးနောက်မှာတော့ ပိုင်ကျီအတွက်ပျော်ရွှင်မှုဆိုတာ ပိုလို့ပင်လွယ်ကူသွားခဲ့သေးသည်။ သူ့ဘေးမှာ ကျီကွေ့ချန်ရှိနေပေးပြီး သူနဲ့စကားပြောနေရုံလေး လက်လေးကိုင်ထားရုံလေးနဲ့တင် နတ်ဆိုးလေးရဲ့နှလုံးသားထဲမှာ မီးရှူးမီးပန်းတွေဖောက်နေသလိုပင်ခံစားနေခဲ့ရ၏။

"ဒါပေမယ့် ကိုယ်ဒီညတော့မင်းနဲ့အတူ အိမ်ပြန်လို့မရဘူး"

ပျော်ရွှင်နေတဲ့ ပိုင်ကျီလေးတစ်ယောက် ဒီစကားကြားတော့ ဝေခွဲမရစွာခေါင်းမော့ကြည့်လာသည်။

ကျီကွေ့ချန်သူ့လက်ကိုလွှတ်လိုက်ရင်း သူ့ကိုကြည့်လာသည် "ဒီနေ့အတွက်လုပ်စရာလေးရှိသေးတယ်။ ဒီနေရာကနေပဲ လမ်းခွဲသွားကြတာပေါ့"

ပိုင်ကျီ့နှုတ်ခမ်းတွေမသိမသာလှုပ်ရှားသွားခဲ့ပြီး အခုလေးတင် ပျော်ရွှင်နေ​သေးတဲ့သူ့ခံစားချက်လေးတွေအစရှာမရအောင်ပျောက်ကွယ်သွားတော့သည်။ ပိုင်ကျီခေါင်းငုံ့ထားပြီး အတော်တန်ကြာမှ အသံတိုးတိုးလေးဖြင့်ပြောလာ၏။

"မင်း မင်းအလုပ်များနေတာပဲ"

ကျောင်းဆင်းသွားတော့ ကျီကွေ့ချန်တကယ်ပဲအရင်ထွက်သွားတော့တယ်။ ပိုင်ကျီသက်ပြင်းချမိလိုက်ရင်း သူ့ရှေ့ကကျောက်တုံးလေးကိုကန်ထုတ်လိုက်၏။

"ဦးလေး ကျွန်တော်ကစိတ်အနှောက်အယှက်ဖြစ်စရာပဲလို့ ကျီကွေ့ချန်ထင်နေတာများလား"

"သူကဘာ​လို့ အဲ့လိုထင်​ရမှာလဲ"

ပိုင်ကျီ ​နှေးကွေးစွာပြန်ဖြေလာသည်
"အဲ့ဒီ့ မျန်ဆိုလား ဘာလားမသိတဲ့ကောင်မလေးကဲ့ ရည်းစားစာကိုကျွန်တော်လက်ခံမိလိုက်တာလေ။ ကျီကွေ့ချန် ကျွန်တော့်ကိုနားလည်မှု​လွဲသွားတယ်ထင်တယ်"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Donde viven las historias. Descúbrelo ahora