Arc (4) ကျောင်းလူဆိုးလေး /41/

914 109 4
                                    

[Unicode]

//ဘယ်လောက်ကြာနိုင်မှာလဲ//

သန်းခေါင်ယံညမှာလကမှောင်မိုက်နေပြီး လေကလည်းပြင်းထန်စွာတိုက်ခတ်နေချေသည်။

လမ်းမီးတိုင်ရဲ့အလင်းမှိန်မှိန်ကလဲ အကြိမ်ရေတချို့ တဖျတ်ဖျတ်လင်းသွားပြီး ပြတ်တောက်သွားတော့၏။ လမ်းလျှောက်လာနေတဲ့ သူတစ်ယောက်လန့်ဖျန့်သွားတော့သည်။ သူလမ်းမီးတိုင်းနားလျှောက်သွားလိုက်ပြီး ဒေါသတကြီးဖြင့် မီးတိုင်ကိုမရပ်မနားကန်ကျောက်ကာ ကျိန်ဆဲလိုက်လေ၏။

"အစုတ်အပြတ်မီးတိုင် ဒီလိုညလယ်ကြီးမှာမင်းငါ့ကို​ခြောက်နေတာများနေပြီ..."

ထိုလူအရက်မူး​ပြီးလမ်းမီးတိုင်ကို ကျိန်ဆဲနေခဲ့ပြီး သူ့နောက်မှာ လူနှစ်ယောက်တိတ်တဆိတ် ပေါ်လာတာကိုသတိမထားမိလိုက်ချေ။

သူ့ပခုံးပေါ် လက်တစ်ဖက်ကအသာလေးလာထိလာချိန်မှာတော့ ထိုသူကျောအေးသွားရတော့သည်။ သူခေါင်းကိုဖြည်းဖြည်းချင်းပြန်လှည့်ကြည့်လိုက်တော့၏။

"သရဲ!!"

​ကျီနန်မျက်နှာဖြူစုတ်သွားပြီး တစ်ကိုယ်လုံးလည်းချွေးတွေရွှဲသွားရသည်။ ဆောင်းဦးနှောင်းပိုင်းရဲ့လမ်းဘေးပေါ်ချော်ကျသွားပြီး သူ့ခန္ဓာကိုယ်ကလည်းမရပ်မနားတုန်ယင်နေလျှက် "သရဲ သရဲ ငါ့ကိုမသတ်ပါနဲ့! ငါမင်းကို ဘာမဆို ပေးပါ့မယ်!"

ပိုင်ကျီလက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး သူ့မျက်နှာကိုပိုဖြူဖျော့သွားအောင်လုပ်ပေးဖို့ systemကိုတိတ်တဆိတ်အချက်ပြလိုက်သည်။ သူလုပ်ချောင်းဆိုးလိုက်ကာ အသံကိုလဲတမင်ခပ်တိုးတိုးဖြင့်ပြောလာ၏- "ကျီနန်... မင်းအစ်ကိုကိုတောင် မမှတ်မိဘူး​တော့လား"

သူပြောပြီးတဲ့နောက်မှာတော့ ကျီနန်အလွန်အံ့သြားသင့်သွားရပြီး- "အစ်ကို...အစ်ကိုကြီး?"

ပိုင်ကျီတောင်ဘာမှပြန်မပြောလိုက်ရသေး ကျီနန်တစ်ယောက်အသက်ရှင်ဖို့ ကောက်ရိုးတစ်မျှင်ရှာတွေ့သွားသည့်အလားပြုမူလာလေသည်။ သူအကြိမ်ပေါင်းများစွာဒူးထောက်အရိုသေပေးနေပြီး " အစ်ကိုကြီး အစ်ကိုကြီး ကျွန်​တော်နားလည်ပါတယ်။ အစ်ကိုကြီးဆီမှာငွေစက္ကူတွေ ပြတ်နေလို့မလား။ အနာဂတ်မှာကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ် အစ်ကိုကြီး။ ကျွန်​တော်တို့ကြားက ညီအကိုသံယောဥ်ကိုထောက်ပြီးတော့ ဒီညီလေးကိုခွင့်လွှတ်​ပေးပါ"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now