Arc(1) ရုပ်ရှင်ဧကရာဇ် /5.1/

4.5K 768 34
                                    

[Unicode]

//ကျွန်တော့်အိမ်လိုက်ပြီး ကျွန်တော်စကပ်ဝတ်ပြတာကြည့်ချင်လား?//

ဖန်သားပြင်ထဲရှိကောင်လေးသည် လျို့ယီရဲ့အ​တွေး​တွေကိုနားမလည်သကဲ့သို့ မျက်လုံးများပြူးကျယ်နေလျှက်ပင်။

ဖန်ကျင်းမော့အနားမှာရှိတဲ့​အေးဂျင့်က ခေါင်းခါလာပြီး

"ဒီကောင်​လေးပြောရဲလိုက်တာ"

ဖန်ကျင်းမော့ကတော့ အမှုအရာမဲ့လျက်ဆိုဖာပေါ်မှီ​နေပြီး စကားတစ်ခွန်းမှဆိုမလာချေ။

"ငါရှောင်ကျန်းနဲ့တခြားသူတွေဆီကကြားတာတော့ ရိုတ်ကွင်းမှာတုန်းကသူကမင်းကို အရမ်းကူညီပေးနေတာဆို" ​အေးဂျင့်ကဆက်ပြော​လာသည်။

"လင်းကျင့်ပြောတာတော့ သူကမင်းကိုပစ်မှတ်ထားနေတာတဲ့"

ဖန်ကျင်းမော့မျက်လုံး​တွေလှုပ်ရှားသွားတယ်။

အဲ့နောက် အေးဂျင့်ကဆက်​ပြောလာ​​ပြန်၏။

"အရပ်187cm ရှည်တယ် ချောတယ် Beiduအွန်လိုင်းရဲ့ရေပန်းစားတဲ့နေရာမှာရှိနေတယ်"

"ဒါပေမဲ့......" ​အေးဂျင့်ခဏရပ်သွားသည်။
"မင်းသူ့နဲ့ရင်းနှီးအောင်နေကြည့် ပြီးတော့
သူကိုစောင့်ကြည့်ထား သူအကွက်ချတာမခံရစေနဲ့"

"ဟေး..." ဖန်ကျင်းမော့ခဏလောက် စဥ်းစား​နေကာပြန်ပြောလာသည်။

"ဒါဆို ငါဘာလုပ်သင့်လဲ"

"ရိုးရိုးလေးပဲ dinnerတစ်ခုကို bookingလုပ်
ထား ဖယောင်းတိုင်မီးလေးထွန်း သီချင်းလေးဖွင့် နှင်းဆီပန်းလေးတွေပါထည့်လိုက် အဲ့တာဆိုအလုပ်ဖြစ်ပြီလို့အာမခံတယ်"

ဖန်ကျင်းမော့စိတ်ဆိုးသွားသလို ခေါင်းကိုတစ်ဘက်သို့လှည့်လိုက်ပြီး ​အေးဂျင့်စကားကိုနားမထောင်တော့ပေ။

"ဟေးဟေးဟေး... ငါကနောက်လိုက်တာပါ မင်းအဲ့လိုလုပ်စရာမလိုပါဘူး။ ငါသူ့ရဲ့​
အချက်လတ်တွေကိုရှာပြီးပြော​ပြပေးမယ်"

"ငါ့ကိုပေး"

"ဘာကိုလဲ"

ဖန်ကျင်းမော့ခပ်ရှင်းရှင်းပဲပြောလာတယ်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) حيث تعيش القصص. اكتشف الآن