Ep-2

8.9K 966 201
                                    

[Unicode]

စာကြည့်တိုက်ကပြန်လာကတည်းက အပြုံးတွေ
မသတ်နိုင်တာ အိမ်ပြန်တဲ့အချိန်ထိပင် ။လူသား
ရောဟုတ်ရဲ့လား..?အက်လောက်ချောတဲ့သူကို
အခုမှ တွေ့ဖူးတာ ။ယွန်းဂီကိုသိလားမေးဖို့ပဲရှိ
သေး နတ်သားလေးက နေရာမှာမရှိတော့ဘူး ။
ထို့ကြောင့် နောက်မှမေးမည်ဆုံးဖြတ်ကာ ဂိမ်း
‌ဆိုင်တောင်မသွားဘဲ အိမ်ပဲပြန်လာခဲ့တော့သည်။

ကျောင်းပြန်လမ်းတစ်လျှောက်လုံးက ပန်းတွေ
ပွင့်နေသလို ။ ရင်ထဲဖလတ်ဖလတ်နဲ့ ...

"မင်္ဂလာညနေခင်းလေးပါ..မေမေ မေမေ့ချစ်သားလေးကျောင်းကပြန်လာပါပြီ "

ဂျွန်မီယယ်တစ်ယောက် ဧည့်ခန်းထဲက ဖုန်တွေ
ကိုကြက်မွှေးနှင့်ခါနေတုန်း ကျောင်းကပြန်လာ
သည့် သားတော်မောင်၏ ထူးထူးဆန်းဆန်းစကား
ကြောင့်ကြက်မွှေးကိုင်ထားရင်း ကြောင်နေမိသည်။

"နင်..ငါ့သားရော ဟုတ်ရဲ့လား မှန်းး ကိုယ်အပူချိန်လည်းအတော်ပါပဲ "

နဖူးကိုရောတစ်ကိုယ်လုံးစစ်လာသည့် အမေဖြစ်သူ
ကြောင့် ဂျောင်ကုမှာအရင်ကဆို နှုတ်ခမ်းဆူမိပေ
မယ့် ဒီနေ့တော့ မျက်လုံးထဲ အရာအားလုံးကလှပ
နေသည် ။

"မေမေ့သားပါဗျာ..ဟီး "

"ဪ..မသိဘူးလေ တစ်ခါမှ နင်ကငါ့ကိုအက်လိုမနှုတ်ဆက်ဖူးတာ ၊ ပြီးတော့ ကျောင်းကဆင်းရင် ဘယ်တုန်းက အိမ်ကိုစောစောပြန်လာဖူးလို့လဲ ဂိမ်းဆိုင်သွားရင်သွား မသွားရင် ‌နင်က အလေလိုက်နေသေးတာလေ "

တရစပ်ပြောလာသော အမေ့ရက်ပင်း
တွေကလည်း ဒီနေ့ထူးထူးဆန်းဆန်း
နားထောင်လို့ကောင်းနေသည် ။
ဂျောင်ကုလည်း ပြုံးပြုံးကြီးနားထောင်
ပြီး အမေ့ပါးလေးကိုနမ်းကာအပေါ်တက်
လာခဲ့တော့သည် ။

ပါးကို နမ်းပြီးအပေါ်တက်သွားသည့်သား
ကြောင့် ဂျွန်မီယယ် ထီပဲသွားထိုးရမလို
ဖြစ်နေသည် ။ ဒီကောင်လေးကသိတတ်
စကတည်းက မိဘတွေကိုမနမ်းတော့
တာကြာပြီလေ ။
°
°
°
°
°
°
°

အိပ်ခန်းထဲရောက်တာနဲ့ ကုတင်ပေါ်တက်လှဲ
ပြီးမျက်နှာကျက်ကိုကြည့်ကာ ပြုံးနေသော
ဂျောင်ကု ။စာကြည့်တိုက်မှာတွေ့လိုက်တဲ့
နတ်သားလေးကိုပြန်တွေ့ချင်တယ်!
မနက်ဖန် ကျောင်းစောစောသွားရမယ်
ကျောင်းပေါက်ဝမှာ ထိုင်စောင့်နေရင်တော့
နတ်သားလေးကိုတွေ့ရမယ်ထင်တာပဲ ဟိဟိ..။

I'm Not Baby! √Where stories live. Discover now