Ep-9

5.7K 722 180
                                        

[Unicode]

ဒီနေ့ အရင်နေ့ကနှင့်မတူဘဲ တတ်ကြွနေသည့် ဂျောင်ကု..
ကျောင်းကပွဲမှာ သူ့ကို ဟျောင်းန်ပေါက်လေးကြွေဖို့ကို
အများကြီးလေ့ကျင့်ခဲ့ရတာ ။ ဒူးတွေနာပြီး ဟိုဟာပါ
နာ အဲလေ ပေါင်နာတာနော် ။ ဒီနေ့ ဟျောင်းန်ပေါက်
လေးကို ဖွင့်ပြောဖို့လည်းစဉ်းစားထားသည်ဖြစ်၍  အငြင်း
မခံရဖို့ကိုလည်း ဖင်ဘူးထောင်ထောင်ပြီး ဆုတောင်း
ခဲ့ရသည်မှာလည်းခနခန ။

ကျောင်းရောက်မှ အကျီလဲပြီး မိတ်ကပ်ပြင်မှာမို့ ပေါ့ပေါ့
ပါးပါး အကျီနှင့်ဘောင်းဘီကိုသာ ဝတ်လိုက်သည် ။
ဟျောင်းန်ပေါက်ကို ဝင်ခေါ်ပြီးမှ ကျောင်းသွားရမည်
ဖြစ်၍ အောက်ကို ကမန်းကတန်း ပြေးဆင်းလိုက်သည်။

ဟျောင်းန်ပေါက်လေး စောင့်နေရရင် ဘိုလုပ်မလဲ.?

"ဟက် ..ဖြေးဖြေးဆင်းစမ်းပါ ရှိတာမှ အမျိူးထဲ ယောကျာ်းလေးဆိုလို့ နင်တစ်ယောက်ထဲ မျိုးကန်းသွားမှ ကိုယ်ကျိူးနည်းရချည်ရဲ့ "

အောက်ထပ်က အမေဖြစ်သူမှ ပြောသောကြောင့် ဂျောင်ကု
မျက်နှာ စူပုတ်ပုတ် ။ မျိုးကန်းစရာလား ဟျောင်းန်ပေါက်
လေးနှင့် လက်ထပ်ပြီး ကလေးတွေ တစ်ပြွတ်ပြွတ်မွေး
ရဦးမယ့်ဟာကို...!

"မေမေကလည်း သားနောက်ကျနေပြီမို့ပါ "

"နင့်တွေ့လိုက်ရင် တီ‌ကောင်ကို ဆားနဲ့ပတ်ထားသလို လွန့်လွန့်
လူးနေရော "

ဂျောင်ကုလည်း အမေဖြစ်သူ၏ ပီယဝါစစကားလေး
များကို မုန့်စားရင်း‌နားထောင်နေလိုက်သည် ။ အမေက
ပိကျိပိကျိ လုပ်နေပေမယ့် သားက မေမေ့ကိုချစ်ပါတယ်
မေမေ  ။

"သားသွားတော့မယ် မေမေ ဒီနေ့ ကပွဲရှိတယ် "

မိခင်ဖြစ်သူပါးကို ပါးစပ်မသုတ်ပဲ နမ်းသွားသော
ဂျောင်ကု ။

"ဒီကောင်လေး မဟုတ်မှ ရည်းစားများရနေတာလား"

ဂျွန်မီဟယ်ခမျာ သူမသားအခုလို စပ်စလူးခါနေသည့်
အကြောင်းအရင်းကို အရမ်းသိချင်မိပါသည် ။

........
............

"ဟျောင်းန် အေးကအေးနဲ့ ဘာထွက်လုပ်နေတာတုန်း "

I'm Not Baby! √Opowieści tętniące życiem. Odkryj je teraz