Ep-13

5.3K 619 57
                                    

[Unicode]

"ဟျောင်းန်ပေါက် ..ကျတော် ဟျောင်းန်ပေါက်အိမ်မှာ
ညအိပ်ပြီး‌စာလုပ်ချင်တယ် ၊ နောက်တစ်ပတ်ထဲစာမေးပွဲ
ရှိတော့ ကျတော်နားမလည်တာတွေမေးချင်လို့ "

ဂျောင်ကု ၏ တစ်ချက်ခုတ်၂ချက်ပြတ်အစီအစဉ်
အရ ဟျောင်းန်ပေါက်နှင့် စာအတူလုပ်ရင်း အီစီကလီလေး
တွေလုပ်ဖို့ စာမေးပွဲဆိုတာကြီးကို ‌အကြောင်းပြရမည်ဖြစ်
သည် ။

ဟျောင်းန်ပေါက် အရည်ပျော်စေမည့် မျက်လုံး
လဲ့လဲ့လေးနှင့် တောင်းဆိုဖို့ကိုလည်း မမေ့ ။

"ရတာပေါ့ .. ကိုယ်ရှင်းပြမယ်
အန်တီ့ကို သေချာခွင့်တောင်းခဲ့ပေါ့ "

"ဟုတ် ..ပြီးတော့ မေမေက ဟျောင်းန်ပေါက်ကိုတွေ့
ချင်လို့တဲ့ အက်တာ ဒီညနေလိုက်ခဲ့ပါလားဟင် "

ထယ်ယောင်းမှာ ဂျောင်ကုစကားကြောင့်
ရင်တုန်သွားရသည် ။သူ့ရဲ့ ပထမဆုံးအကြိမ် ယောက္ခမနှင့်
တွေ့ဆုံရမှာမို့စိတ်ပူမိသည်မှာအမှန် ။ 

"အင်း လိုက်ခဲ့မှာပေါ့ အခုအခန်းဝင်တော့ ကုကီ "

ပါးလေးကို ဟျောင်းန်ပေါက်မနမ်းခင် ကြိုနမ်းလိုက်‌သော
ဂျောင်ကု ..။

ထယ်ယောင်းမှာတော့ သူအမြဲ ဂျောင်ကုထက်နောက်ကျ
နေလို့ စိတ်တိုလာသည် ။ သူက အပေါ်ကလူလေ ၊ နမ်းရင်
လည်း သူက အရင်နမ်းရမှာကို အမြင်ကပ်ကပ်နဲ့ ကုကီပါး
ကို ဆွဲကိုက်ကာ ပြေးထွက်လာသော ထယ်ယောင်း ။

ဂျောင်ကုမှာတော့ ပါပီ အဆိုးလေးကိုက်သွားသည့်
ပါးလေးကို ကိုင်ရင်းပြုံးနေတော့သည် ။ သူတော့ဆေးမမှီ
တော့ဘူးထင်ပါ့ ။

"အတန်းရှေ့မရှောင် ရိုနေတာမြင်မကောင်းဘူး "

လွယ်အိတ်ကို တစ်စောင်းလွယ်ပြီး ဘောင်းဘီအိတ်
ထဲ လက်နှိုက်ကာ ပေစောင်းစောင်းကြည့်ပြီးပြောလာ
သော ယွန်းဂီ ။

ဂျောင်ကုလည်း မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး..

"အက်လိုပါပဲ ရိုစရာမရှိတဲ့သူတွေကျတော့လည်း
မျက်စိစပါးမွှေးစူးကြတာပေါ့ နားလည်တယ် သားကြီး "

I'm Not Baby! √Where stories live. Discover now