Ep-7

5.9K 719 204
                                    

[Unicode]

"ငါတော့ စောစောထရတာအရမ်းမုန်းတာဘဲ ..အခုလည်း
အိပ်ငိုက်နေတယ် "

ဒီအသံကတော့ အတန်းထဲမှာ ထိုင်ငိုက်နေရင်း ဂျီမင်းဆီ
မှထွက်လာသောအသံဖြစ်သည် ။

"မင်းကလည်း ..ငါ့လိုရုပ်ချောတဲ့သူတောင်ဘာမှမပြော
ရဘူး ၊ မင်းပဲပြောတော့ "

"ရုပ်ချောတာနဲ့ဘာဆိုင်လို့လဲ..?"

"မသိဘူး..ငါဆိုင်တယ်ဆိုဆိုင်လိုက် "

ထယ်ယောင်းမှာတော့ ကျောင်းရောက်ကတည်းက ရန်ဖြစ်
နေကြသည့် ၂ယောက်ကိုကြည့်ရင်း ရယ်ပဲရယ်နေတော့
သည် ။

သူ့သူငယ်ချင်း၂ယောက်က ချောပေမယ့် သူ့လို
ကျပ်မပြည့်ကြဘူး..!

"ဒါနဲ့ မင်းရောဘာသီချင်းနဲ့ဖျော်ဖြေမယ်စဉ်းစားထားလဲ
ထယ်ယောင်း "

ဆော့ဂျင်နှင့် စကားများပြီးမှ ထယ်ယောင်းကိုမေးလာသော
ဂျီမင်းရယ်ပါလေ ။ ဆော့ဂျင်ကလည်း မုန့်စားပြီးထယ်
ယောင်း အဖြေကိုစောင့်နေသည် ။

"မင်းတို့ဘဲ gpလိုက်ဆို ၊ ငါဘာမှမလုပ်ထားဘူးလေ"

"ဟာ အက်တာကလည်းအက်တာပေါ့ ၊ solo performance
လည်းလုပ်ရမှာလေ ၊အောက်က boardမှာကပ်ထားတာ
မတွေ့ဘူးလား "

"ဟင့်အင်း မတွေ့ဘူးရယ် "

"နှစ်တိုင်းလုပ်နေကြဆိုပေမယ့် ဒီနှစ်ဖျော်‌ဖြေရမယ့်စာရင်း
ထဲ ငါတို့နာမည်ပါတယ် ၊မင်းက ကျောင်းသားအသစ်ဆို
တော့ ပိုပါတာပေါ့ "

ဆော့ဂျင်ကပါ ဝင်ပြောလာသည်မို့ ထယ်ယောင်းလည်း
ခေါင်းငြိမ့်လိုက်သည် ။

"ဒါနဲ့ ဒီပိတ်ရက်တုန်းက လာလည်မို့မင်းက မရှိဘူးဆိုလို့
ဘယ်တွေသွားနေတာလဲ ထယ်ယောင်း "

စာရေးနေတုန်း ဂျီမင်းက မေးလာသည်မို့ ဘောပင်လေး
ချလိုက်ရင်း..

"‌ကုကီနဲ့ ကစားကွင်းသွားတယ် ၊ နောက်တစ်ရက်ကျ
ငါလည်း အိမ်မှာ စာလုပ်နေတာ ကုကီနဲ့အတူ "

"အက်တာများ ငါတို့လာခဲ့မှာပေါ့ မင်းကတော့ တကယ်ပါ
ဘဲ သူ့ကုကီနဲ့ ၂ယောက်ထဲရှိချင်တိုင်း "

I'm Not Baby! √Where stories live. Discover now