[Unicode]
လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာ ရှိကြသည်
မလား ။ အက်လိုပဲ ကျတော်ဂျွန်ဂျောင်ကုမှာ
လည်းရှိသည် ။ တက္ကသိုလ်ဒုတိယနှစ်ရောက်မှ
ရင်ခုန်ခြင်းနှင့်အတူ အချစ်ဦးဆိုသူလေးကိုပါ
ရှာတွေ့ခဲ့တာပင် ။အခုလည်း အချစ်ဦးလေးကို
ကျောင်းမှာ စောစောလာစောင့်မယ်ဆိုပြီးလုပ်
ထားတာကို တစ်ကားတည်းစီးရသည့်အပြင်
ဘေးချင်းကပ်ပါထိုင်ခွင့်ရပြီး ခင်မင်မှုပါရခဲ့
သည် ။ကျတော့်လောက် ကံကောင်းတဲ့သူဒီကမ္ဘာမှာမရှိ
တော့ဘူး ။ ကျတော့်လိုရုပ်ကလည်းချောပြီးကံ
ကလည်းကောင်းဖို့ဆိုတာ တော်ရုံနဲ့တော့မရပေ။အခုလည်းကားပေါ်ကဆင်းပြီး ကျောင်းထဲဝင်
လာတာလည်း စီနီယာပေါက်စလေးနှင့်အတူတူ
ကပ်ရပ်လေး ။ လမ်းလျှောက်နေရင်း လက်ဖျား
လေးကို ထိသွားရင်ကို ဂျောင်ကုမှာ ယုန် မုန်လာ
ဉရသလို ခုန်ဆွခုန်ဆွဖြစ်နေရသည် ။"ဂျောင်ကု..ရုပ်ကလေးက ဘယ်လိုဖြစ်နေတာတုန်း"
ကားပေါ်ကဆင်းကတည်းက ထယ်ယောင်း ထိုကလေး
ကိုကြည့်နေတာ ပြုံးဖြီးဖြီးနဲ့ဘာဖြစ်နေမှန်းမသိ ။
တစ်ခါတစ်လေ အရမ်းချစ်ဖို့ကောင်းလွန်းလို့ ငိုသွား
အောင် ဖြစ်ညှစ်ချင်သည်အထိ ။"ဟီး..ဒီအတိုင်း ကျတော် ပျော်စရာလေးရှိလို့ "
"ဪ ..ဟုတ်ပါပြီ "
၂ယောက်သား လမ်းလျှောက်နေတုန်းကောင်မလေး
တွေ အုပ်စုလိုက်က ဂျောင်ကု"ဆိုသော နာမည်လေး
အော်ကာ တစ်ဝိုးဝိုးလုပ်နေကြသည် ။ တစ်ချို့ကောင်
မလေးတွေကတော့ ဂျောင်ကုဘေးက ထယ်ယောင်း
ကို ကြည့်ကာ အော်နေကြသည် ။ထိုအရာကို ထယ်ယောင်းကြည့်ရင်း ဒီကလေးက ချစ်
ဖို့ကောင်းတော့ လူချစ်လူခင်များသားဟု ကောက်ချက်
ချလိုက်သည် ။"ဟျောင်းန်သွားတော့မယ် ကုကီ နေ့လည် ကန်တင်း
မှာတွေ့ရင်လည်း ခေါ်ဦး "ဂျောင်ကု အခန်းက အရင်ရောက်သည်မို့ ထယ်ယောင်း
က နှုတ်ဆက်တော့ ဂျောင်ကုမှာ မဲ့တဲ့တဲ့ ။ ဘာလို့
အလယ်မှာ ဆရာနားနေခန်းလုပ်ထားရတာတုန်း ဘေး
ချင်းကပ်ထားလိုက်ရင် ပြီးတာဘဲကို ။
![](https://img.wattpad.com/cover/281248460-288-k838428.jpg)
ESTÁS LEYENDO
I'm Not Baby! √
Fanficအသက်လေးပဲငယ်တာပါ ဟျောင်းပေါက်စရယ် ကျန်တာ ဟျောင်းန်ထက်ကြီးတာချည်းပဲ ..! //Completed//