Ep-10

5.7K 708 203
                                    

[Unicode]

ရုတ်တရက်ကြီးဖွင့်ပြောခံရမယ်လို့ ထယ်ယောင်းမထင်ထားခဲ့ပေ။အခုတော့ ကုကီက သူ့ကိုချစ်သည်ဆိုပြီးဖွင့်ပြောနေလေသည်..။မျက်ဝန်းလဲ့လဲ့လေးနှင့် စိုက်ကြည့်နေသောကြောင့်
ယုန်လေးအစာတောင်းနေသလို ပုံလေးဖြစ်နေရှာသည် ။

"ဘာပြောလိုက်တယ် ..ကုကီ "

ဂျောင်ကုလည်း အသက်ကို ပြင်းပြင်းရူသွင်းလိုက်ရင်း
ထယ်ယောင်း မျက်နှာလေးကို စိုက်ကြည့်ကာ..

"ကျတော် ဟျောင်းန်ကိုချစ်တယ်လို့ "

"နေပါဦး မင်းက ငါ့ကိုဘယ်လိုမျိုးချစ်တာလဲ "

ဟုတ်တယ်လေ...
အချစ်ဆိုတာ အမျိုးမျိုးရှိတယ်တဲ့ ၊ ဆော့ဂျင်ကတော့မုန့်
နဲ့တူတယ်ဆိုပြီးပြောတာဘဲ ။ ကုကီက သူ့ကို ဘယ်လိုချစ်
တာလဲ သိရမှ သူ့ဘက်ကလည်း ဘာဆက်လုပ်ရမလဲဆို
တာသိမှာ ။

"ဟို..အဘိုးကလည်း အဖွားကို ချစ်သလို ..အဖေကလည်းအမေ့ကိုချစ်သလို ..အက်လိုလေး ချစ်တာ "

လက်ကလေးကို အချင်းချင်းပွတ်သပ်ရင်းပြောနေသည့် ကုကီ
ကိုကြည့်ရင်း ထယ်ယောင်း အသည်းယားနေမိသည် ။
နားရွက်ဖျားလေးတွေကလည်း ရဲတွတ်နေရော..

"ကောင်းပြီလေ..စဉ်းစားပေးမယ် ဒါမယ့် အက်လို‌ဖွင့်ပြောတာ
ငါက ပြောသင့်တယ်မထင်ဘူးလား..? မင်းက ငါ့ထက်ငယ်တယ့်ကလေးလေးလေ ..ငါအရင်ပြောရမှာထင်တယ် "

စဉ်းစားပေးမယ်ဆိုလို့ ဂျောင်ကု ထခုန်မတက်ပျော်သွားပေမယ့်
ကလေးဆိုတာချည်းက ပါလာတော့ မပျော်မိတော့..။
နေနှင့်ဦးပေါ့ ဟျောင်းန်ပေါက်ရာ..ချစ်သူဖြစ်မှ ကလေးမဟုတ်
ကြောင်း ပြဦးမယ် ။

"ဘယ်သူက ဖွင့်ပြောပြောအရေးမကြီးပါဘူးဗျာ..အဓိကက
ဟျောင်းန် ကျတော့်ကိုစဉ်းစားပေးဖို့က အရေးကြီးတယ် ၊
စဉ်းစားပေးမှာလားဟင် ဟျောင်းန်ပေါက် ၊ကျတော်လေ
ဟျောင်းန်မချစ်ရင် ရူးမှာ ..ပြန်ချစ်ပေးပါနော် ..နော် "

လက်ကိုအတင်းဆွဲကာ နှုတ်ခမ်းကြီးထော်ပြီးပြောနေသော
ကုကီကြောင့်ဘေးက လမ်းသွားလမ်းလာတစ်ချို့တောင်
ရယ်သွားကြသည် ။

I'm Not Baby! √Where stories live. Discover now