[Unicode]
အချိန်ဆိုသည့် ယန္တရားဟာ သူ့တာဝန်ကိုသူကျေပွန်ခဲ့
သလို ထယ်ယောင်းတို့သည်လည်း အခုဆို ဘွဲ့ရကာ
ကျောင်းပြီးခဲ့ပြီဖြစ်သည် ။ ဂျောင်ကုအဖေပိုင်သည့်
ကုမ္ပဏီမှာ ထယ်ယောင်းက ဝင်လုပ်နေပြီး ဂျောင်ကု
ကတော့ နောက်ဆုံးနှစ်ကို အဝေးသင်တက်နေသည် ။
အဝေးသင်တက်ရသည့် အကြောင်းမှာ သူ့ဟျောင်းန်
ပေါက် မရှိသည်က တစ်ကြောင်း ၊ အလုပ်မှာ
ဟျောင်းန်ပေါက်ကို ကြောင်ကြမည့်လူများအား စိုးရိမ်
သည်က တစ်ကြောင်းနှင့် အဝေးသင်တက်လိုက်ခြင်း
ဖြစ်သည် ။အဖေဖြစ်သူပိုင်သည့် ကုမ္ပဏီမို့ ဂျောင်ကု လာလျှင်
အကုန်လုံးက ကြောက်ကြသည် ။ တကယ်တော့
သူဌေး၏သားမို့ကြောက်တာထက် စီမံရေးမန်နေဂျာ
ထယ်ယောင်းကို ထိ ဓားကြည့်ဟု မကြိမ်းရုံ
တစ်မယ် ပိုင်ရှင်ရှိကြောင်းကြေညာထားသော
ဂျောင်ကုကိုကြောက်သောကြောင့်ဖြစ်သည် ။အခုဆို ၂ဖက်မိဘများကလည်း သဘောတူကြပြီး
လက်ထပ်ပေးဖို့ ဂျောင်ကု ကျောင်းပြီးတာကိုသာ
စောင့်နေကြခြင်းဖြစ်သည် ။ ဂျောင်ကုက ကျောင်းမပြီးလည်း
ယူမယ်ချည်းလုပ်နေလို့ မိဘတွေမှာ ရာဇသံထုတ်ရပေါင်းလည်း
မနည်း ။ ပိုပြီး အဆင်ပြေလာတာတစ်ခုက ဂျောင်ကု
ဟျောင်းန်ပေါက်သည် သူ့နေရာသူသိသွားပြီဖြစ်
သည် ။ ဟျောင်းန်ပေါက် တတိယနှစ် အိမ်မှာ ဖြစ်
သွားသည့် အဖြစ်ပျက်ပီးကတည်းက ဟျောင်းန်ပေါက်
ဟာ နေရာမလုတော့ဘဲ သူ့နေရာသူသိလာပြီဖြစ်သည် ။"ကုကီ ... ဟျောင်းန်ကိုလာကြိုတာလား ..? "
ကုမ္ပဏီထဲက ပြေးထွက်လာတာလုံးလုံးနဲ့
ဝတ်ထားသည့် suit ကကြီးနေတော့ အဝတ်ပုံထဲက
ကလေးလေးလိုဖြစ်နေသည် ။ မောင့်ကလေးလေး
ရယ် ချစ်လိုက်တာ ။"ဘာကို ကုကီလဲ .. မောင်လို့ခေါ်ခိုင်းထားတယ်လေ
အပြစ်ပေးခံချင်နေတာလား "ပြောလိုက်တော့ နှုတ်ခမ်းက အရှေ့ကို တစ်တောင်
လောက်ဆူထွက်လာသည် ။ အပြစ်ပေးသည်ဆိုတာက
လည်း အဆင့်တက်တာမျိုးမဟုတ်ဘဲ မျက်နှာပြင်အနှံ့
အနမ်းမိုးရွာခြင်းဖြစ်သည် ။ ဂျောင်ကု အနေနဲ့
ဟျောင်းန်ပေါက် ကို တန်ဖိုးထားသည်မို့ တရားဝင်မဖြစ်
ချင်း အဆင့်တက်မည်မဟုတ်ပါ ။
VOCÊ ESTÁ LENDO
I'm Not Baby! √
Fanficအသက်လေးပဲငယ်တာပါ ဟျောင်းပေါက်စရယ် ကျန်တာ ဟျောင်းန်ထက်ကြီးတာချည်းပဲ ..! //Completed//