Ep-6

6.6K 794 223
                                    

[Unicode]

သောကြာနေ့ကိုအရင်ကဆို ထခုန်မတက်ပျော်မိပေမယ့်
ချစ်ရတဲ့ဟျောင်းန်ပေါက်စရှိလာပြီးကတည်းက ‌မ‌ပျော်
တော့ ။ စနေ ၊ တနင်္ဂနွေ ၂ရက်တောင် မတွေ့ဘဲနေရမှာ
မို့ ဂျောင်ကု စိတ်ပိန်မိသည် ။ ဒါမယ့် ဟျောင်းန်ပေါက်
မေမေ ယောက္ခမနဲ့ ရင်းနှီးပြီးသားဆိုတော့ ၂ရက်လုံး
ဟျောင်န်းပေါက်အိမ် သွားလည်ရင်ရတာပဲဟာ ..။

ငါကွ ..ငါလေးကလေ ရုပ်ချောသလို ဉာဏ်ကလည်း
အလွန်ကောင်းပေတာကိုး..။

"ကုကီ ..ဆင်းရတော့မယ်လေ ဘာတွေတွေးနေတာလဲ"

ကားပေါ်ရောက်ကတည်းက မိုးပြိုသလိုဖြစ်နေပြီး ခုကျ
ရွှေထုပ်ကောက်ရသည့် ရုပ်ဖြစ်နေသည့် ဂျောင်ကုကို
ထယ်ယောင်းမေးလိုက်တော့ ..

"စနေ ၊ တနင်္ဂနွေ ၂ရက်တောင် ဟျောင်းန်နဲ့ မတွေ့ဘဲ
နေရမှာမို့ ဝမ်းနည်းနေတာ ဒါမယ့် ကျတော်အိမ်လာ
လည်လို့ရလားဟင် ၊ အိမ်မှာဆို စာလည်းလုပ်ဖြစ်မှာ
မဟုတ်သလို ဟျောင်းန်ကိုလည်းသတိရနေမှာ "

"အိုက်ကိုးး ငါ့ကလေးလေးက ငါ့ကို ၂ရက်လေးတောင်
မတွေ့ဘဲမနေနိုင်ဘူးကိုး ၊ ရတယ်လေ ‌ဟျောင်းန်နဲ့
စာအတူလုပ်ကြတာပေါ့ "

ဟျောင်းန်ပေါက်က လက်ခံသည်မို့ ဂျောင်ကုမှာ အပြုံး
လုံးစို့နေတော့သည် ။ ဟျောင်းန်ပေါက် လက်မခံရင်တောင်
သူက အိမ်ပေါ်တက်နေမှာမို့ ကိတ်စတော့သိပ်မရှိ ။

"ဒါဆို အိမ်ထဲဝင်တော့နော် ဟျောင်းန် အန်တီ့ကိုလည်း
နှုတ်ဆက်တယ်ပြောပေး "

ဟျောင်းန်ပေါက် အိမ်ရှေ့ရောက်လာသည်မို့ မနှုတ်ဆက်
ချင်ပေမယ့် နှုတ်ဆက်ရပါတော့သည် ။ အခုခနလေး
တောင် ဆယ်နှစ်လောက်ခွဲရမည့်ခံစားချက်ဖြစ်နေတာ
ရည်းစားမရှိသည့် အက်ဖ်အေတွေတော့ ခံစားတတ်
မည်မဟုတ် ။

"ကောင်းပါပြီ အိမ်သေချာပြန်နော် လိုက်မပို့နဲ့ပြောလည်း
မရဘူး ဒီကောင်လေးကတော့ ၊ အိမ်ရောက်ရင် စာပို့
ဦး ကြားလား "

"yep sir "

ဂျောင်ကုလည်း အလေးပြုသည့်ပုံလေးလုပ်ပြလိုက်တော့
ဟျောင်းန်ပေါက်က လေးထောင့်အပြုံးလေးပေါ်အောင်
အထိကို ရယ်ပါသည် ။ ချစ်လိုက်ရတာ ဟျောင်းန်ပေါက်
ရယ် ကြာလေ ကြာလေ ချစ်မဝလေးကိုဖြစ်နေပါတော့
လား ။

I'm Not Baby! √Where stories live. Discover now