[Unicode]
မနက်ခင်းလေးတိုင်းဟာသာယာပါသည် ...တစ်ခုပဲ
တနင်္လာ မနက်ခင်းမျိုးမဟုတ်ရင်ပေါ့ ။ကျောင်းတက်
ရသည့် ကျောင်းသားတိုင်း တနင်္လာကိုမရောက်ချင်ကြ
ပါ ။ ဂျောင်ကုလည်းထိုကျောင်းသားများတွင်ပါပါ
သည် ။ ညက ဂိမ်းကို အသေအကြေဆော့လိုက်တာကြောင့်
မနက်ကျ မထနိုင် ။ မားမား၏ ပီယဝါစ ချစ်ဖွယ်စကား
များကို တစ်သီကြီးနားထောင်ပြီးမှ ကျောင်းသို့ထွက်
လာရသည့် ဂျောင်ကုအဖြစ် ။ဂျောင်ကုကျောင်းပြီးရင် မားအတွက် စီးရီးတစ်ခွေလောက်
ထုတ်ပေးဖို့လည်း အမြဲစဉ်းစားဖူးပါသည် ။မားက ရတ်ပ်
ရွတ်တာ တော်သည်မှာ ဂျောင်ကုကိုဆူလိုက်တိုင်း BTS
အဖွဲ့ထဲ မင်ရူးဂါးနီးပါးမြန်သောကြောင့်ဖြစ်သည် ။ဘတ်စ်ကားလာသည်နှင့် ကားပေါ်ကိုတက်ကာ နေရာရှာ
တော့ ခုံက နောက်ဆုံးတွင်သာလွတ်သည် ။ ထိုနောက်
ဆုံးကို လူတွေက သဘောမကျကြ ။ကားခုန်တာနှင့်တစ်
ချို့ဆို မူးတတ်သောကြောင့်ဖြစ်သည် ။ ဂျောင်ကုကတော့
ကားခုနိတာတွေ မူးတာတွေကိုလည်းဂရုမစိုက် အရေးကြီး
တာ ကျောင်းမရောက်ခင်အထိ သူအိပ်ရရန်သာ အရေး
ကြီးသည် ။နာရီကိုကြည့်တော့ ကျောင်းတက်ဖို့ နာရီဝက်လောက်လို
သေးသည်မို့ နားကြပ်လေးတက်ကာ မနက်က အဆက်
ပျက်သွားသည့် အိပ်ရေးကို ပြန်အိပ်လိုက်တော့သည် ။"ကောင်လေး..ကောင်လေး..!!!"
အိပ်မက်ကမ္ဘာမှာ လက်ပစ်ကူးနေတုန်း ကြားလိုက်ရသည့်
အသံကြောင့် လက်ရှိကို ပြန်ရောက်လာရသည် ။
တောက်စ် ! အိပ်မက်ထဲမှာ စကီလေးတွေနဲ့သာယာနေပါ
တယ်ဆို.."ဘာလဲဗျ "
"ကားဂိတ်ကိုတောင်ရောက်နေပြီ ..ဦးလည်း ကားခနနားမှာမို့ မင်းကိုလာနှိုးတာ "
"ဗျာ...!!!!"
နွေခေါင်ခေါင်မိုးကြိုးပစ်လိုက်သလို ခေါင်းပါကျိန်းသွား
သည့် ဂျောင်ကုအဖြစ်ပါလေ ။ ခနပဲအိပ်တာ ဘယ်လို
လို့ ကားဂိတ်အထိပါလာရတာတုန်း...။"ကျေးဇူးပါ ဦးလေးရယ် "
ခါးကျိုးမတက် အရိုအသေပေးပြီး ပြေးဆင်းကာ
တွေ့ရာတက္ကစီသာ ငှားရတော့သည် ။ မုန့်ဖိုးလေးက
တော့ ကားခအတွက် ပလုံပေါ့...။နာရီကိုကြည့်လိုက်
တော့ ကျောင်းတက်ချိန်ကို ၁၀မိနစ်တောင်စွန်းနေကာ
ကျော်နေပြီဖြစ်သည် ။သေချာတယ် ဂျောင်ကုတစ်
ယောက်တော့ မနက်စောစောစီးစီး လေ့ကျင့်ခန်းအနေ
နဲ့ ကွင်းပတ်ပြေးရတော့မှာ ။
ESTÁS LEYENDO
I'm Not Baby! √
Fanficအသက်လေးပဲငယ်တာပါ ဟျောင်းပေါက်စရယ် ကျန်တာ ဟျောင်းန်ထက်ကြီးတာချည်းပဲ ..! //Completed//