[Unicode]
ညနေကျောင်းဆင်းတော့ ဟျောင်းန်ပေါက်ကို မေမေနှင့်
မိတ်ဆက်ပေးရန် အိမ်ကိုခေါ်လာလိုက်သည် ။ crush
ဘဝကတည်းက မိတ်ဆက်ပေးချင်ပေမယ့် အခြေအနေ
က သိပ်မပေးတာနဲ့ အခုချစ်သူဘဝရောက်မှ မိတ်ဆက်
ပေးရသည့် အဖြစ် ။ လောလောဆယ်တော့ ချစ်သူဆို
တာထက် စီနီယာလိုမျိုးသာ မိတ်ဆက်ပေးရန်စိတ်ကူး
မိသည် ။ ကျောင်းပြီးခံနီးမှ သားချစ်သူဆိုပြီး
စပရိုက်လုပ်လည်းရတာဘဲဟာ ။"စိတ်လှုပ်ရှားနေတာလား ဟျောင်းန်ပေါက်
အခု ကျတော်က မေမေ့ကို စီနီယာလိုမျိုးပဲ မိတ်ဆက်
ပေးမှာပါ .. စိတ်မလှုပ်ရှားပါနဲ့နော် ကြည့်ပါဦးလက်ဖျား
လေးတွေ အေးလာပြီ "ကိုင်ထားသည့် ဟျောင်းန်ပေါက်လက်လေးက
စိတ်လှုပ်ရှားမှုကြောင့် အေးလာသဖြင့် အာငွေ့ပေးနေ
မိသည် ။စိတ်ချပါ ဟျောင်းန်ပေါက်ရယ် .. ကျားနဲ့
ပဲ ပြေးကိုက်ရ ကိုက်ရ ၊ ဆင်နဲ့ပဲ နပန်းလုံးရလုံးရ
ဟျောင်းန်ပေါက် ရှေ့က မားမားမတ်မတ်ရပ်တည်
မှာမို့ ဟျောင်းန်ပေါက်ကသာ ကျတော့်လက်လေးကိုကိုင်
ထားပေးပါ ။"ဒါမယ့်လည်း ကုကီရယ်
ကိုယ်က အမျိုးတွေကလွဲပြီး တခြား လူကြီးတွေနဲ့
သိပ်တွေ့ဖူးတာမဟုတ်ဘူး အဆင်မပြေမှာစိုးရိမ်တယ် ""မေမေက သဘောကောင်းပါတယ် ဟျောင်းန်ပေါက်ရဲ့
ဟျောင်းန်ပေါက် အကြောင်းကိုလည်း ကျတော်ပြောထား
တော့ ဟျောင်းန်ပေါက်ကို မမြင်ခင်ကတည်းက ချစ်နေ
တာ ၊ စိတ်မပူနဲ့ ကျတော်လည်း ဘေးမှာရှိတာဘဲဟာ "ဂျောင်ကု ပြောလိုက်မှ ခေါင်းလေးငြိမ့်ပြလာသည့်
အသဲပိစိအသည်းညှာလေး ။"ဒါဆို အိမ်ထဲဝင်ရအောင်လေ "
အိမ်ရှေ့မှာ ရောက်နေတာ မိနစ်၅၀လောက်ရှိမည်
ဖြစ်သော်လည်း အခုမှ ဝင်ရသည့် အဖြစ်ပါလေ ။"မေမေရေ.. သားစီနီယာလေးပါလာတယ် "
ဂျောင်ကု၏ high noteကြောင့်
ထယ်ယောင်းလေးမှာ တုန်ခနဲ ။ သူ့ကလေးလေးက
အသံအရမ်းအောင်တာဘဲ ။"လန့်လိုက်တာ ဂျောင်ကုရယ်
ဖြေးဖြေးအော်လည်းရပါတယ်
ဟယ်...ဟယ် ဒါလေးက ဘယ်သူလေးလဲ အရုပ်လေးကျ
နေရော ချစ်စရာလေးသားလေးရယ် "
YOU ARE READING
I'm Not Baby! √
Fanfictionအသက်လေးပဲငယ်တာပါ ဟျောင်းပေါက်စရယ် ကျန်တာ ဟျောင်းန်ထက်ကြီးတာချည်းပဲ ..! //Completed//