[Unicode]
အရင်လို အိမ်အပြန်လမ်းတွေက အထီးကျန်မနေ
တော့ ။ ဂိမ်းဆိုင်သွားစရာလည်းမလိုသလို ၊
အလေလိုက်စရာလည်းမလိုတော့ဘူးလေ ။
ဘေးနားမှာ ဟျောင်းန်ပေါက်လေးတစ်ယောက်
လုံးရှိနေတာပဲဟာ ။ ချစ်သူရလာရင် လုပ်ချင်
တဲ့ အရာအချို့ကို အခုထဲက လုပ်ထားလို့ရသည် ။
ကျောင်းအတူတူလာတာတို့ ၊ ကျောင်းဆင်းရင်
အတူတူပြန်တာတို့ ၊ ကန်တင်းမှာ မုန့်အတူစားတာ
တို့ ကတော့ အခုကတည်းကလုပ်ထားလို့ရသည် ။ချစ်သူဖြစ်ရင်တော့ ဟိဟိ ...။
"ဂျောင်ကုကီ ..ဟျောင်းန်ကိုစောင့်နေတာလား "
ထယ်ယောင်း စာအုပ်သိမ်းနေတုန်း မြင်လိုက်ရသည့်
ယုန်ပေါက်လေးကြောင့် အမြန်သိမ်းပြီး ထွက်လာ
လိုက်သည် ။"ဟုတ်တယ် ဟျောင်းန်ရဲ့ အတူတူပြန်ရအောင်လေ
ဟျောင်းန်နဲ့ကျတော်က ဘတ်စ်တစ်စီးတည်းစီးရ
တာဆိုတော့ ကျတော့်ကို အိမ်လည်ခေါ်လေ "ဒီနေ့မှ စရင်းနှီးပြီး ဒီနေ့အိမ်လည်ခေါ်လို့ ပြောတာ
တစ်မျိုးမထင်ပါနဲ့ ...အခုခေတ်ကြီးက မနက်ဖန်
ဘာဖြစ်နိုင်လဲမသိတာမို့ မြန်လေကောင်းလေပါ
ပဲ ။ လက်မနှေးသင့်ဘူးလေ ။"အိုက်ကိုး..ဟျောင်းန်ကလေးလေးက အိမ်လည်ချင်
တာကိုး ၊ ဟုတ်ပါပြီ လိုက်ခဲ့လေ မားမားနဲ့မိတ်
ဆက်ပေးမယ် "ဟင် ! ဟျောင်းန်ပေါက်က အခု သူ့ကိုကလေးလေး
လို့ခေါ်လိုက်တာလား ။ ဘယ်နားက ကလေးနဲ့တူ
နေလို့လဲ ...!"ထယ်ယောင်းရေ မနက်ဖန်မှ တွေ့မယ်နော် "
"အင်း မနက်ဖန်တွေ့မယ် "
၂ယောက်သား ရပ်ပီးစကားပြောနေတုန်း ဆော့ဂျင်
တို့က နှုတ်ဆက်ပြီးအရင်ပြန်သွား၍ ထယ်ယောင်း
နှင့် ဂျောင်ကုလည်း ကားမှတ်တိုင်ဆီလျှောက်လာ
ခဲ့သည် ။ချစ်ရသူနှင့် အတူလမ်းလျှောက်ပြီး အိမ်ပြန်ရသည့်
ခံစားချက်ကလေ လွမ်းသလိုလို ၊ ရင်ခုန်သလိုလို
ကြီး ။ အရင်က ကျောင်းဆို မတက်ချင်ပေမယ့်
အခုတော့ ကျောင်းမှာ တဲထိုးပြီးနေချင်သည်အထိ
ဂျောင်ကု အရမ်းပြင်းပြနေပါသည် ။
°
°
°
°
°
YOU ARE READING
I'm Not Baby! √
Fanfictionအသက်လေးပဲငယ်တာပါ ဟျောင်းပေါက်စရယ် ကျန်တာ ဟျောင်းန်ထက်ကြီးတာချည်းပဲ ..! //Completed//