Ep-5

6.3K 799 167
                                    

[Unicode]

ထယ်ယောင်း ကျောင်းတက်တာ ဘာလိုလိုနဲ့ တစ်ပတ်
တောင်ပြည့်ခဲ့ပြီ ။ စစချင်းတုန်းက စာတွေလိုက်နိုင်ပါ့
မလားစိတ်ပူပေမယ့် စာလည်းလိုက်နိုင်ခဲ့သလို ၊သူငယ်
ချင်းတွေလည်းရခဲ့သည်လေ ။အ်ော ပြီးတော့ ကုကီ
လေးကိုပါ ကောက်ရခဲ့ပါသေးသည် ။ ဒီတစ်ပတ်
အတွင်းမှာ သူလေးက ကျောင်းသွားဖို့ကိုလည်း
လာလာခေါ်တတ်ပြီး ကျောင်းကအပြန်ဆိုလည်း
စာမေးဖို့ဆိုပြီး အိမ်လိုက်လာတတ်ပါသည်။

ထယ်ယောင်းကတော့ စတွေ့ကတည်းက အသည်း
ယားပြီး ညီလေးတစ်‌ယောက်လိုပါ ချစ်သည်မို့ကုကီ
လေးသဘော ကုကီလေးစိတ်တိုင်းကျသာ ။

ဒီအတောအတွင်းထပ်သိလာတာ ကုကီက သူတို့
ဒုတိယနှစ်၏ king တဲ့ ။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်
ဆိုပေမယ့် သူ့မျက်လုံးထဲမှာတော့ချစ်စရာကောင်းတဲ့
ယုန်ပေါက်လို့သာမြင်နေမိသည် ။

"ထယ်ယောင်း..ငါတို့ ဒီလကုန်မှာ fresheer welcome
ရှိတယ် ၊ ငါတို့ကတော့ နှစ်တိုင်း ဧည့်သည်အနေနဲ့လာ
တာပဲရှိတာ ဒီနှစ်တော့ သီချင်းဆိုမလားစဉ်းစားနေတာ
မင်းအပါငါတို့၃ယောက်ပေါ့ "

ဆရာ မလာခင် ထိုင်ပြီးစကားပြောနေကြတုန်း ဂျီမင်း
ကပြောလာသည် ။ ဆော့ဂျင်ကလည်း ခေါင်းတငြိမ့်"..

"မင်းပြောတာတော့ မဆိုးပါဘူး ဒါမယ့် ငါဖြစ်မယ်
မထင်ဘူးနော် ၊ ငါမဆိုရဲဘူး "

"ဘာကိုမဆိုရဲရမှာလဲ ထယ်ယောင်းရယ် မင်းမှာက
Deep voiceရှိတယ်လေ ၊ အက်အသံလေးက ဘယ်
လောက်တောင် ဆွဲဆောင်မှုရှိလိုက်လဲ..? "

မုန့်စားနေသည့် ဆော့ဂျင်ကပါ ဝင်ပြောသည်မို့
ထယ်ယောင်းလည်း လက်ခံလိုက်သည် ။ အရင်
ကျောင်းတုန်းက ကျောင်းပွဲဘာဆိုဘာမှ ဝင်မပါ
ခဲ့ပေမယ့် ဒီကျောင်းမှာတော့ အဆန်းလေးဖြစ်
ပြီး အမှတ်တရဖြစ်အောင် ဝင်ပါရန်စဉ်းစားလိုက်
သည် ။

"ဒါနဲ့ မင်းနဲ့ ဂျောင်ကု နဲ့က ဘာတွေတုန်း..?"

"ဘာကိုဘာရမှာလဲ ..?စီနီယာ -ဂျူနီယာ ဆက်ဆံရေး
လေ ၊ သူကလည်းငါ့ကိုခင်တယ် ငါကလည်းသူ့ကိုခင်တယ်
တကယ်သိလား ငါတင်သူ့ကို အသည်းယားပြီး ညီလေး
လိုချစ်နေတာမဟုတ်ဘူး ငါ့အမေကအစ အသည်းယား
နေတာ အခုဆို သူနဲ့ ငါ့အမေ တော်တော်တောင်ခင်နေ
ကြပြီ "

I'm Not Baby! √Where stories live. Discover now