::7::

2.2K 178 7
                                    

*သားဝမ်...ထမင်းစားနည်းလှချည်လား..နေမကောင်းဘူးလား..သား*

ထမင်းစားပွဲဝိုင်းတွင်ထိုင်နေတဲ့ဝမ်က အသက်မပါသလို။

အစားမက်တဲ့ဝမ်က အခုအစားမြင်တိုင်းငိုချင်နေတာ။

မုန့်ထုတ်တွေကိုရင်ဝယ်ပိုက်စားတတ်တဲ့ဝမ်ကဒူးလေးနှစ်ဖက်ရင်ဝယ်ပိုက်လို့သာအခန်းအပြင်ဘက်ဝရံတာလေးကိုလွန်၍တစ်ဖြောက်ဖြောက်ကျနေတဲ့ မိုးစက်တွေကိုသာငေးကြည့်နေတတ်သည်။

တစ်ပတ်..။တစ်ပတ်ရှိပြီးလူကြီးကဝမ့်ဆီမလာတော့ဘူး။လူကြီး ဝမ့်ကိုစိတ်များကောက်သွားလေသလား။နောက်ခါလူကြီးစိတ်မကောက်အောင်အာဘွားတွေများကြီးပေးလိုက်မယ်။

*ဝမ်....နေကောင်းပါတယ်..မားမား..ဝမ်...စားပြီးပါပြီ...*

ပါးဖောင်းဖောင်းလေးနဲနဲလျှော့ကျသွားတဲ့သားလေးဝမ်ကတစ်ပတ်ရှိပြီ ။တစ်ရှောင်ရှောင် မိူင်ထွေနေသည်။ဘယ်အရာမှမရှိတော့ရင်တော့ သားဝမ်လေးကသူမရဲ့အသက်မို့မထိခိုက်မပွန့်ရှစေချင်။
မိခင်တိုင်းကသားသမီးကိုအသည်းထဲနစ်အောင်ချစ်ကြတာကြီးဘဲ။ဒါပေ့မဲ့ သားဝမ်ကတော့သူမအတွက်နှလုံးသားလေး၊သားဝမ်သာမရှိရင်သူမသေမလားဘဲ။

အပေါ်ထပ်အခန်းကိုဦးတည်သွားနေတဲ့သားဝမ်ကျောပြင်ကိုသာသူမတွေတွေလေးကြည့်နေမိသည်။သားဝမ် ပြောင်းလဲနေပြီ။

----------------------------------------------------

လွမ်းလိုက်တာ ဝမ်ရယ်..။

လော့ရန်ခရီးစဥ်တစ်ပတ်ကရှောင်ကျန့်၃ဘဝကြာသလိုပင်။လွမ်းဆိပ်တတ်နေတဲ့ရှောင်ကျန့်ခင်ဗျာ အိနြေတောင်မဆည်နိုင်။လေလံပွဲပိတ်တာနဲ့ဂုဏ်ပြုပွဲတောင်ကျန်းချန်းနဲ့လွှဲခဲ့ပြီး လွမ်းဆိပ်ဖြေရန်အချစ်ရှိရာအပြေးနှင်မိသည်။

တစ်ပတ်ကြာကြာပစ်ထားမိလို့ ဝမ် စိတ်များကောက်နေမလား။

ဒီကလူကြမ်းကြီးကို လွမ်းနေပါ့မလား..ဝမ်ရယ်။

လေယာဥ်ကဒီနေ့မှပိုကြာသလို။အချိန်တွေကလည်းကြာလိုက်တာ။

အနက်ရောင်ကုတ်အကျီထဲကအနီရောင်ကထီပါဘူးလေးကိုအမြတ်တနိုးထုတ်ကြည့်လို့သူပြုံးမိပါသည်။ဝမ်ဆိုတဲ့ကောင်လေးကနားလည်မည်မဟုတ်သောပေါင်းစည်းခြင်းကိုဒီလူဆိုးကြီးရှောင်ကျန့်အနုစိတ်သင်ကြားပေးပါအုံးမည်။

WANGWhere stories live. Discover now