::11::

1.8K 160 6
                                    

*ဝမ်.....က လှရက်လိုက်တာ*

လူကြီးရဲ့မျက်ဝန်းတွေကို ဝမ် သဘောအရမ်းကျတာဘဲ။

စူးရှတဲ့အကြည့်တွေကိုလက်မခံနိုင်စွာမျက်နှာချရှောင်ရှားမိတေ့ာ လူကြီးရဲ့ဟက်ခနဲရယ်သံက ကြက်သီးထဖွယ်။

လူကြီးကပြည့်စုံလိုက်တာ။စူးရှတဲ့မျက်စံနက်တွေ၊သွယ်လျနေတဲ့မေးရိုး၊နူတ်ခမ်းအောက်ကအမဲစက်ကလေးက ဝမ် ကိုစွဲဆောင်နေသလို။အမဲစက်လေးကိုထိတွေ့ချင်မိတဲ့ စိတ်အစုံ​ကြောင့် ဝမ် ကိုယ်တိုင်လည်းရှက်ရပါသည်။

ရင်တုန်လိုက်တာ။

အငေးကောင်းနဲ့ငေးနေတဲ့ ဝမ် ကဘယ်ဘက်လက်သန်းကြွယ်လေး အေးစက်စက်တဲ့အထိအတွေကြောင့် တွန့်ခနဲဖြစ်သွားရသည်။

လူကြီးက ဘယ်ဘတ်လက်ကိုဆွဲယူလို့ အေးစက်တဲ့နေရာလို့ အနမ်းပေးသည်။

*ဟင်......လူကြီး...*

*အင်း.......ကိုယ့်ရဲ့ ချစ်သက်လက်ဆောင်... ဝမ်ငယ်လေးက....နှစ်ခြိုက်ရဲ့လား*

စစ်သူကြီးကသူ့ရဲ့ကြင်ယာတော်ကိုချစ်သက်သေအနေနဲ့ပေးတယ်။

ကိုယ်က မင်းကို ရအောင် ယူမှာ ဝမ်။

မင်းက ကိုယ်ရဲ့တစ်ဦးထဲသော ဝမ်။

ရှောင်ကျန့်ဆိုတာ ဝမ် ရဲ့ တစ်ဦးထဲသော သက်ဆိုင်သူ။

ဝမ် ဆိုတဲ့ ကောင်လေးက စိတ်အစုံကလွန်စွာမုန်းတီနာကျည်းနေတဲ့ သူရဲ့ သွေးသားဆိုတဲ့အသိက ရှောင်ကျန့်ကိုတုန်လူပ်စေတယ်။

ကိုယ့်အချစ်တွေနဲ့ နွေးထွေးပါစေ ကောင်လေးငယ်ဝမ်။

*ဟုတ်ကဲ့ဗျ....ဝမ်...လူကြီးကို...ရင်တုန်တယ်ဗျ*

စကားတတ်လွန်းတဲ့ ဝမ် ကို ဖဲသားမွေ့ရာထဲနစ်ဝင်မတတ် ပိုတိုးလို့ဖက်ထားမိသည်။

မနက်ဖြန်ဆိုတာမသေချာဘူး ဝမ်ရယ်။

လုံးတစ်နေတဲ့ကိုယ်လုံးအိအိလေးက ပိုးသားတွေထက်နူးညံ့လွန်းလှသည်။လည်တိုင်ပေါ်မျက်နှာ အပ်လို့ နို့နံ့သင်းသင်း ကိုယ်ရနံ့လေးကို အစဥ်တစ်စိုက်ရူရိူက်မိသည်။  မူးယစ်ဆေးထက် ဝမ် ရဲ့ ကိုယ်သင်းရနံ့လေးက ပို၍စွဲလန်းစရာကောင်းသည်။ ဒီတစ်ခါတော့ ဝမ် က မရုန်းကန်ခဲ့ဘူး။

WANGWhere stories live. Discover now