*ကိုယ်...မင်းကို...သေချာပေါက် စားမှာ*
လူကြီး က လူဆိုး။ ကလေးတွေကို စားတဲ့ လူဆိုးကြီး ။
အခုလည်း ဝမ့် ကို စားမလို့။
လူကြီး အပြုံးကြီးကို သဘောမကျတော့ဘူး။
*လူကြီး......နား ကပ်နဲ့*
*ဟင်....ဘာလို့လဲ*
ကြောက်လို့....။ လူကြီး ကို ဝမ် တကယ်ကြောက်ပါသည်။ ဝမ် ကိုစားမှာလဲကြောက်သည်။
နောက်ဆုံး ဝမ် ဦးဏေုာက်သေးသေးလေးက အကြံကြီးကြီး ထုတ်ရသည်။*အချိန် မရှိဘူး ဝမ်...လာ...ကိုယ့်နောက်လိုက်ခဲ့*
လက်ဖဝါးကြီးတစ်ဖက်ကာ ယှက်နွယ်ထားတဲ့ လက်သေးသေးတစ်စုံကို ဖမ်းကိုင်ကာ ခေါ်ဆောင်သော်လည်း ဆံနွယ်ရွှေဝါရောင် ကောင်လေးက နံရံကိုသာ သက်ဦးသူ အထင်နှင့် တိုးကပ်နေလေသည်။
အမှားများရှိနေလို့ မလိုက်ချင်လေသလား ဝမ်။
အတိတ်တစ်ချို့ ချေဖျက်ရန် ကြိုးစားနေခြင်းမှာ ထိုကောင်လေး မုန်းမည်စိုးသောကြောင့်။ အချစ်တွေအား ပုံအောကာ ထိုကောင်လေးပေါ် ပေးပစ်ကာ ဘဝတစ်ခုလုံးအပ်နှင်ထားမည်။
တန်ဖိုးထားလွန်းလို့ မထိရက်မကိုင်ရက် တစ်ယုတစ်ယ ထိမိလျှင် ကြွေကြသွားမည့်နှယ် စိတ်အစုံကိုထိန်းချုပ်လို့ စောင့်ထိန်းနေခြင်းမှာ
ဝမ် ကို ချစ်လို့သာ။မရှည်သည့်စိတ်တွေကို အဆုံးစွန် ဆွဲဆန့်လို့ ထိုကောင်လေး၏ သက်ဆိုင်သူဖြစ်ဖို့အရေး အစွမ်းကုန်ကြိုးစားမိသည်။
မျက်ရည်ကျနေသည့်ကောင်လေးက ခန်နာကိုယ်လေး နံရံထဲ တိုးဝင်တော့မည့်အတိုင်း ကိုယ့်အား ရန်သူသဖွယ် ဆက်ဆံနေသည်ကိုတော့ နှလုံးသားက လက်မခံနိုင်။*ဝမ်.......*
*ဗျာ....*
*ဝမ် က....ကိုယ့်နဲ့ ခွဲနိုင်လို့လားဟင်*
မျက်နှာကိုငယ်ကာ တိုးလျလျပြောနေတဲ့ လူကြီးကြောင့် ဝမ် သနားရပြန်သည်။ လူကြီး က လူဆိုး ဟုတ်ချင်မှ ဟုတ်မှာပါလေ။ ဝမ် အတွေးများလွန်နေတာလား။ လူကြီး ဝမ်းနည်းနေတော့မှာလား။