::22::

1.7K 150 23
                                    

*သားလေး.....ဝမ်ဝမ်...ထမင်းစားမယ်လေကွယ်...မားမားကိုစိတ်ဆိုးမပြေသေးဘူးလား....*

*ဝမ်ဝမ်.....မားရဲ့သားဝမ်.....ဟင့်....အီးဟီးဟီး..သားဝမ်ကိုပြန်ခေါ်ပေးကြပါ..ဟင့်...*

အရူးတစ်ယောက်လို အရုပ်ကလေးကိုရင်ခွင်ပိုက်ကာ သားတစ်ယောက်သဖွယ်စကားလေးတွေတစ်သွယ်သွယ်ပြောကာ တစ်ခါတစ်လေ မျက်ရည်များနဲ့အော်ဟစ်ငိုယိုနေတတ်သည်။ အကြောင်းအရင်းက သားပျောက်မိခင်တဲ့။

သားဝမ်ကသူမစကားကိုနားမထောင်ဘူး။ ဆိုးလိုက်တဲ့ကလေးလေး။ သားဝမ်မရှိတော့တဲ့ဒီအခန်းထဲ သူမ သားဝမ်ကိုအော်ခေါ်နေတာ နေ့နေ့ညည။ ဒါပေ့မဲ့ အဆိုးလေးသားဝမ်က ဒီအမယ်ကို ပစ်ထားရက်တယ်။ သူမသာ အမှားတွေလောဘတွေအာဃတတွေမထားခဲ့ရင်သူမသားနဲ့ယခုလိုအဖြစ်မျိုးကြုံရမည်မဟုတ်။ တွေးလိုက်တိုင်ရင်တစ်ခုလုံးကွဲကြေမတတ်ခံစားရသည်။သူ့မသားလေး ဒီအချိန်ဘာဖြစ်နေမလဲ တစ်ပါးသူများနှိပ်စက်နေမလား။ တွေးရင်းတွေးရင်း အရူးရင့်သည်က သူမသာ။
သားဝမ်ဆော့နေကြ ဝက်ဝံရုပ်လေးကိုသာ ရင်ထဲတင်းကျပ်စွာ ဖက်ထားလို့..

*မားမား မှားပါတယ် သားသားရယ်....*
---------------------------------------------------

နေဝင်ချိန်တွေလှပတယ်။ ထိုအလှထက် ဝမ်ရဲ့အလှက ကိုးဆယ်ဆသာတယ်။
မျက်ဝန်းလေးတွေကို အသာဖွင့်ကာ ဘေးဘီဝဲကြည့်တော့ အဖြူရောင်ပိတ်စအလွန်ထက်မှောင်ရိပ်ရိပ်ဖြစ်နေသည်။
မနက်ခင်းအချစ်တွေကိုပြန့်ကျဲ၍သာ ဝမ်ကရှောင်ကျန့်ရင်ခွင်ထဲလုံးလုံးလေး။
ရှောင်ကျန့်ရဲ့အချစ်တွေကို ဝမ်ရဲ့ ဖြူအုနေဝင်းပနေတဲ့ အသားအရည်ထက် နီရာအမှတ်လေးက တန်ဆာဆင်သည်။ လည်တိုင်တစ်လျှောက် ခရမ်းရောင်အကွင်းလေးတွေနဲ့ ညှပ်ရိုးတစ်ခွင်မလွတ်စေရ။

ပြုံးမိသည့်ရှောင်ကျန့်က အောင်နိုင်သူတစ်ယောက်အသွင်။ ရှောင်ကျန့်က ဝမ် ပြောသလို လူဆိုးကြီး ။ တကယ့်ကို ဆိုးတာပါ။

အပိုင်သိမ်းမိတဲ့ဝမ်ကောင်လေးနဲ့ တစ်သွေးထဲတစ်သားထဲပေါင်းစည်းခွင့်ရတာ ဘယ်လိုတောင် ကံကောင်းမူကြီးလဲ။

လုံးတစ်နေတဲ့ပါးဖောင်းဖောင်းလေးကရင်ဘတ်တစ်ခြမ်းပေါ်ပူထွက်နေသည်။ ချစ်စရာကောင်းလွန်းလို့ ငုံထားမတတ်ပါဘဲ ဝမ်ရယ်။

WANGWhere stories live. Discover now