::19::

1.5K 144 6
                                    

နွေးထွေးလွန်တဲ့ရင်ငွေ့လေးနဲ့ ပြီးပြည့်စုံတဲ့ မနက်ခင်းက ဝမ် အတွက် ရင်တုန်ဖွယ်ကောင်းလှသည်။

အခက်ခဲမျိုးစုံကျော်ဖြတ်လို့ ဝမ် သဘောကျလှတဲ့ လူကြီးရင်ခွင်ထဲ ရင်ငွေ့နွေးနွေးလေးဆီ ခိုဝင်မိသည်။

အချစ်နဲ့တွေ့ရင်အရာအားလုံးက ရူးသွပ်စရာကြီးပါဘဲ။

*အင့်.....*

*ဟော.....ကိုယ့်ရဲ့ဝမ် နိူးလာပြီ*

ကြိုတင်စောင့်စား​ခြင်းလို့မဆိုသာ တစ်စိမ့်စိမ့်ကြည့်နေခြင်းဆို မှန်လေမလား။ဝင်းမွတ်နေတဲ့ ဝမ် မျက်နှာလေးကို အမြတ်တစ်နိုးကြည့်ခြင်းကသာလျှင် ရှောင်ကျန့်အတွက် အရာရာလို့သာ ။

ရင်းနှီးနေတဲ့ ယောကျာ်းဆန်ဆန်ကိုယ်သင်းနံ့ကြောင့် မျက်ဝန်းတစ်စုံကိုဖွင့်ကြည့်မိတော့ ဝမ် ကို ငုံ့မိုးကား ချစ်ရိပ်လွှမ်းတဲ့အကြည့်နဲ့ ကြည့်နေတဲ့လူကြီးကြောင့် ရှက်ရှက်နှင့်သာ လူကြီးရင်ခွင်ထဲ တိုးဝင်ပါတော့သည်။

*အိပ်ပုတ်လေးဝမ်......*

*ဗျ...*

ထူးသံချိုချိုလေးက ရှောင်ကျန့်နားထဲ ပျားသကာလောင်းချသလိုချိုမြိန်စွာ စီးဝင်လာသည်။

ရင်ခွင်ထဲတိုးတိုးဝင်နေတဲ့ ဝမ် မုန်လာဥလုံးလေးကို ကြည့်မိတော့ ညကသူဝတ်ထားပေးတဲ့ shirt အဖြူလေးနဲ့သာ။ သေးညက်လွန်းတဲ့ ဝမ် က ရှောင်ကျန့်shirtအဖြူထဲ နစ်နေသည်မှာအမှန်။

ရှောင်ကျန့်က ပုရိသယောကျာ်းတစ်ယောက်ပါ။ ချစ်တဲ့သူကိုထိတွေ့ယုယချင်မိသည်မှာသဘာဝဘဲလေ။ အမှန်တကယ် ချုပ်တီးရခက်တဲ့ ရမက်စိတ်တွေကို ဝမ်နဲ့တွေ့တိုင်း ထိန်းချုပ်နေခြင်းက ဝမ် ကိုတန်ဖိုးထား၍သာ။

အိပ်ပျော်နေတဲ့ ဝမ် ကို အဝတ်စားလဲပေးခြင်းက ရှောင်ကျန့်အတွက် ရေချိုးခန်းထဲ နှစ်နာရီကြာအချိန်ကုန်ရသည်။

ခြေတံသွယ်သွယ် ၊ပေါင်တံဖြူဝင်းသွယ်သွယ်လေးတွေက ရှောင်ကျန့်စိတ်ကိုအမှောင်ဖုံးစေသည်။

*အဟက်....ချစ်လိုက်တာကွာ*

ခါးသွယ်လေးကိုတင်းကျပ်ကျပ်ဖက်ကာ ခေါင်းကိုငုံ့လို့ရင်ခွင်ထဲက ဝမ်ကောင်လေးရဲ့မူပိုင် အခုတော့ ရှောင်ကျန့်အပိုင်ဖြစ်တော့မည့်နှင်းဆီရောင်နူတ်ခမ်းဖူးလေးကို အကြင်နာဝေမိသည်။

WANGWhere stories live. Discover now