::31::

1.4K 95 11
                                    

စံအိမ်ပြန်ရောက်တော့ ညသံခေါင်းယံကျော်ကာ အလွန်ပင်ညအနက်ဆုံးရဲ့ သဘောအတိုင်းအေးစက်မူကအတိုင်းမသိ။

အခန်းတံခါးကိုအသာဆွဲဖွင့်လို့ အိပ်စက်နေသည့် သူလေး နိုးမည်စိုးသောကြောင့် ခြေသံအလုံနှင့်သာ ကုတင်နားသို့ ချည်းကပ်လာသည်။
နီဖျော့ဖျော့​ဂွမ်းစောင်ထဲက ဝါဂွမ်းလုံးလေးကတစ်ရူးရူးနဲ့အိပ်မောကျလို့။
ဝမ် အိပ်စက်နေသည့်ပုံရိပ်ကလေးကလဲ အရမ်းလှလွန်းသည်။

ထွက်လာသမျှဒေါသအစုအပြုံကလဲ ဝမ်ရဲ့ယခုလို အိပ်စက်နေပုံကြောင့် အပြိုအလဲ။ ဒေါသအစား ချစ်စိတ်တွေက တစ်ရိပ်ရိပ်တိုးလာသည်လေ။

ဝမ်ရဲ့ဘေးတစ်ဖက်လွတ်နေသည့် ကုတင်တစ်ခြမ်းပေါ်ဝင်လှဲကာ အိပ်မောကျနေသည့်ဝမ်ကောင်လေး၏ လက်မောင်းရင်းအားအသာဆွဲယူကာ အိပ်စက်ရန်အတွက် ဝမ်ကောင်လေးအားသူ့ရင်ခွင်ထဲဆွဲသွင်းပြီးမှသာ။

*အရမ်းချစ်တယ်....အချစ်ကလေး*

ခေါင်းလုံးလုံးလေးကို မွှေးကြူလို့ မျက်စိစုံမှိတ်ကာ အိပ်စက်ခြင်းဆီသို....။

-----------------------------------------------

မနက်ခင်းအလင်းရောက်မိုးသောက်ချိန်ဝယ် နေရောင်ခြည်သည် ကမ္ဘာ မြေပြင်အနှံ့ဖြာကျလျက်ရှိရာ စံအိမ်ကြီးတစ်ဆောင်ရဲ့ မှန်ပြတင်းပေါက်အပြင် ဖြူလွှလွှပဝါစတွေကို ကျော်လွန်၍ ဖဲသားကုတင်မွေ့ယာထက် အပူပင်ကင်းစွာအိပ်စက်နေသည့်လူသားတစ်ဦး။ နေရောင်ခြည်လေးသာ အသေအချာကြည့်ရူမည်ဆိုလျှင် လူသားတစ်ဦးသာမဟုတ်ဘဲ ထိုလူသားရဲ့ ရင်ထဲနစ်ဝင်မတတ်ဖြစ်နေသည့် ရွှေဝါရောင်ဆံနွယ်အဆင်းရှိသည့် ဂွမ်းလုံးလေးအားမြင်တွေ့ရပေမည်။

နိူးစက်ရဲ့အကူအညီမလိုပါဘဲ ပုံမှန်အလျှောက် အချိန်မှန်ပွင့်နေပြီးသား မျက်လုံးကြောင့် လူကမည်သို့မှဆက်အိပ်၍မရ။
အိပ်ယာမှနိုးထရသည့်မနက်ခင်းသည် နွေးထွေးမူအပါအဝင် ဝမ် ဆိုတဲ့ကောင်လေးနှင့်အတူ စတင်သည်။ နေ့တစ်နေ့ရဲ့ မနက်ခင်းကိုချစ်ရသူနှင့်စတင်ရသည့်ခံစားချက်က မည်သည်နှင့်မျှနိူင်းယှဥ်မရ။

*မွ....အချစ်လေး*

ထို့သို့အကြင်နာမနက်ခင်းကို ဝမ်နဖူးပြင်ပေါ်အနမ်းတစ်ပွင့်ထပ်တင်ကာ ပြီးပြည့်စုံခြင်းအပေါင်းကို ထပ်လောင်းသည်။

WANGWhere stories live. Discover now