::28::

1.3K 117 7
                                    

*ဝမ်.........*

*ဗျ.....*

ကောင်းကင်ယံထက် ကြယ်အစုံအလင်လင်းလက်ထွန်းထောက်နေသော်လည်း၊၎င်းတို့၏ အရှင်သခင်အရင်းအမြစ်ဖြစ်တဲ့ လမင်းကြီးက စိတ်သဘောထားပြည့်ဝစွာ လောကတစ်ခွင် လရိပ်ရောင်လေးဖြင့် အေးချမ်းမူကိုပေးစွမ်းသည်။

ထို ကောင်းကင်ယံကလမင်းကြီးထက် သာလွန်တဲ့အေးချမ်းမူ၊မြတ်နိူးမူစိတ်အစုံကိုဖန်ဆင်းပေးနိုင်သည့် လမင်းငယ်လေးက ရှောင်ကျန့်ရင်ခွင်ထဲ ရင်ငွေ့လူံကာ တီတီတာတာဆော့ကစားလျက်။

ရွှေရောင်ဆံနွယ်မျှင်တွေတစ်စင်းချင်းဆီကိုတစ်ယုတစ်ယဆွဲပွတ်၍ နမ်းရိူက်နေရသည်မှာလဲလောကစည်းစိမ်ထက်သာသည့် ရှောင်ကျန့်မူပိုင်သုခဘုံလေး။လည်ပင်းသားဖွေးဥလေးတွေကိုမသိမသာနမ်းရူပ်နေရသည်ကလဲ ရင်ထဲတစ်မျိုးပင်။ နို့နံ့သင်းနေတဲ့ ကိုယ်ရနံ့လေးကိုမြတ်နိုးလွန်းလို့ မူးယစ်ဆေးသဖွယ် အကြိမ်ကြိမ်ရူရိူက်မိသည်က သူ့ကိုအခါခါရူးစေသည်။

*လူကြီး.....*

*ကိုယ်ရှိတယ်.....ကိုယ့်ခင်ပွန်းငယ်*

ထိုသို့သရော်မိတော့ ရင်ခွင်ထဲ တစ်ခစ်ခစ်ရီသံလေးကသာယာနာပျော်ဖွယ်အတိ။ ချစ်မြတ်နိုးလွန်းဖို့ထိုက်တန်လွန်းတဲ့ ဒီကောင်လေးဝမ် ကရှောင်ကျန့်ရဲ့တစ်ဦးထဲသောမူပိုင်တဲ့။

အနာဂတ်ကိုကြိုမမြင်ရဘူး။ မမြင်ရမတွေ့ရတဲ့ စမ်းတဝါးဝါးအနာဂတ်ကို ဝမ်ကိုရင်ခွင်ထဲထည့် ရဲရဲကြီးဖြတ်လျှောက်နိုင်သည်။ ဝမ့်လက်ကိုတွဲပြီးတော့မလျှောက်ရဲဘူး။ ဝမ့်ကိုသူ့အနားကဆွဲခေါ်မည်စိုး၍ ရင်ခွင်ထဲထည့်ပိုက်ကာပင် အနာဂတ်ကိုလျှောက်လမ်းမည်။

ရယ်သံလေးကိုအသည်းယားတာကြောင့် ဘေးတစ်ခြမ်းမြင်နေရတဲ့ပါးပူလေးကို အနမ်း ခေတ္တ မျှကြင်နာမိသည်။

*ဝမ်....ပြောစရာရှိလား ကိုယ့်အချစ်*

*ဝမ့်ကိုရင်တုန်အောင်...အရမ်းမလုပ်ပါနဲ့ဗျ*

ရင်ခွင်ထဲတိုးဝင်ရတာနစ်ခြိုက်လွန်းသည်ဟုထင်ရက်စွာ ဝမ်ငယ်လေးကရှောင်ကျန့်ရင်ခွင်ထဲ နစ်ဝင်မတတ်ဖြစ်နေပြီ ထိုသို့အသည်းကြွေအောင်လဲ စကားသံတိုးလေးဖြင့်ခြွေတတ်သည်။ အသည်းအချစ်ပိုလွန်းသည့် ဒီလူကြီးရှောင်းကျန့်ကသာ ပါးပြင်လေးကို အမိအရနမ်းလို့ ထိုကောင်လေးငယ်ရယ်သံတစ်လွင်လွင်က အိမ်တော်အတွင်းပျံ့နှံတော့သည်။

WANGWhere stories live. Discover now