ရင်ခွင်ထဲနစ်နစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ဝမ် ကို အမြတ်တနိုးကြည့်ရင်းတစ်ညတာကို ကုန်ဆုံးရပြန်သည်။
ရောင်နီမိုးသောက်နေအလင်းရောင်မထွက်ခင် ထုံးစံအတိုင်း ဝမ် ပါးတစ်တစ်လေးကို အနမ်းပေးလို့ ။
တိုက်အမြင့်တွေနဲ့အစောင့်တွေကိုအောင်မြင်စွာကျော်ဖြတ်ပြီးနောက် မသိမသာရပ်ထားတဲ့ ကားအနားသွားကာ ဝမ် အခန်းကိုလှည်ပြန်တစ်ချက်ကြည့်လို့ အိမ်ကိုပြန်ရတော့သည်။
အိမ်တော်ရောက်သည်နှင့် ဧည့်ခန်းထဲ မှာ ကျန်းချန်း ကထိုင်စောင့်တာကိုတွေ့ရသည်။
သူ ပြန်လာတာမြင်တော့ ကျန်းချန်းက သူ့ကို ပိုကိုပိုတယ်ဆိုတဲ့ အကြည့်နဲ့ကြည့်လာသည်။သူလည်းတစ်ချက်ရယ်ကာ ဒေါသကြီးသူနား သွားထိုင်တော့ ခြေထောက်နဲ့ကန်လွှတ်သည်။ ရှောင်ကျန့်ကို မထီမဲ့မြင်လုပ်ရဲတာဆိုလို့ ဒီကောင် ကျန်းချန်ဘဲရှိတယ်။
ကျန်းချန် ဒေါသကိုကြောက်ရ၍ အနီးရာ ဆိုဖာပေါ် ဝင်ထိုင်လို့ လုပ်ငန်းစကား စရလေသည်။ ကုပဏီအလုပ်တွေကလဲ ပစ်ထားမရ မြေအောက်ကိစတွေက လည်း လျင်သူစားကြေးဆိုတော့ ။ တော်သေးတယ် ကျန်းချန်းရှိလိုသာ နောက်ဆို ရှောင်ကျန့်ရူးရချည်ရဲ့။
လွမ်းလိုက်တာ ဝမ်ရယ်။
*ကျန်းချန်....အခြေအနေ*
ထိုအခါမှ မျက်နှာတည်နဲ့ ကျန်းချန်းက သူ့ဘက်လှည့်လာတာကြောင့် သူမှာ ရင်ထိတ်သွားရသေး။ ဘယ်လိုတောင် မျက်နှာ ဆိုးရတာလည်း။
*အေး.....ဘိုးတော်ဘက်ကတော့ မလူပ်ရှားသေးဘူး....ဒါပေ့မဲ့...လေလံပွဲမှာရူံးသွားတဲ့အတွက်..မင်းကိုတော့နဲနဲအခဲမကြေဖြစ်နေလိမ့်မယ်...မင်း သတိထားနေပေါ့ကွာ*
*အင်း....*
*ဟိုကလေး....အခြေအနေကရော*
*အေးဆေးပါဘဲ *
*ငါ....နားတော့မယ်*
*အေး...အေး*
ပြောရင်း အိမ်ပေါ်ထက်လှေကားထစ်အတိုင်းတက်သွားတဲ့ ရှောင်ကျန့်ရဲ့ကျောပြင်ကိုကြည့်ကာ မနက်ဖြန်အတွက် တွေးပူးနေသည်။ ရှောင်ကျန့်ကတော့ အလျော့ပေးမည်မဟုတ်။ ကျန်းချန် သူမမြင်ဖူးသေးသည့် ကောင်လေးကိုသာ တိတ်တဆိတ် ကာကွယ်ပေးရန် စိတ်ဆုံးဖြတ်လိုက်သည်။ ထိုကောင်လေးအတွက်တော့ အမှန်တကယ်စိတ်မကောင်းပေ။
-------------------------------------------