*ဝမ်.....အချစ်လေး*
ဝမ်လင်မယားပြန်သွားပြီးနောက်မှာတော့ ရှောင်ကျန့်ရင်ခွင်ထဲတိုးဝင်ကာ ရိူက်နေတဲ့ကလေးလေးဝမ်။ ဘယ်လောက်ဝမ်းနည်းနေရှာမလဲ။ ဝမ် မားမားက မမိုက်ဘူးကွာ။
*တိတ်ပါကွယ်....ကိုယ်ကချစ်တယ်လေနော်*
ကလေးသဖွယ်ရိူက်သံမပျောက်သေးတဲ့ဝမ်ရဲ့ကျောပြင်ကို တစ်ဖွဖွပွတ်လို့ချော့မြူရသည်။ ဝမ် အငိုသန်လေးက ချော့ကာမှပိုငိုသလိုဘဲ ရှောင်ကျန့်ရင်ဘတ်တွေစိုစွတ်တဲ့အထိပင် အငိုအရမ်းသန်လွန်းသည်။
*ဝမ်....ဘာလို့ဝင်ခံလိုက်တာလဲကွာ*
ရင်ခွင်ဝင်ကလေးငယ်ဝမ်ရဲ့ကျောပြင်ကိုပွတ်သတ်ရင်း ဒီလူကသာမချိတင်ကဲနှင့်ချော့မြူခြင်းတစ်လှည့် ကိုပြုလုပ်ရပြန်သည်။အမှန်တကယ် ဒီကလေးဝမ်ကို ပိုင်ဆိုင်ပြီးထဲက ကိုယ့်အပိုင်ကို ကိုယ်သာလွဲပြီး တစ်ပါးသူထိပါးလာမှာကိုမကြိုက်ပေ။
*လူ....လူကြီး နာမှာကြောက်လို့*
အော်....ဝမ်အချစ်ကလေးရယ်။
မပီမသမကွဲပြားတဲ့အသံသေးသေးလေးကရိူက်သံတစ်စွန်းပါကာ ထိုအသံလေးနောက် ေရှာင်ကျန့်ရဲ့မြတ်နိုးမူတွေပါ ပါသွားရသည်။ ချစ်ဖို့ကောင်းလွန်းတဲ့ ဝမ်က မသိစိတ်လေးနဲ့သူ့ကို ကာကွယ်ပေးတတ်နေပြီတဲ့။ ကလေးသာသာဝမ်ကို အရောင်ဆိုးချင်တာအပြစ်မဟုတ်ပါဘူးလေ။ ဒီကောင်လေး ဝမ်ကိုက အရောင်ဆိုးချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတာကိုပင် အပြစ်တင်ရမလို။ အရမ်းချစ်စရာမကောင်းနဲ့ဝမ် ကိုယ်ဝမ်မှဝမ် ဖြစ်သွားလိမ့်မယ်ကွ။
ဝမ်ကလေးငယ်ကိုရင်ခွင်ထဲမှာအသာထုတ်ကာ ဝမ်ကနှာထိပ်လေးတွေနီပြီးမျက်ခမ်းစပ်လေးတွေရဲအောင်ထိ ရိူက်ငိုနေတာကိုတွေ့ရတော့ သူမှာစိတ်မကောင်း။ ဝမ့်အစားသူသာဖြစ်လိုက်ချင်တော့သည်။
ပါးလုံးလုံးလေးကိုလက်လေးနဲ့အုပ်ကိုင်ဆွဲယူလို့ စူထွက်လာတဲ့ နူတ်ခမ်းရဲလေးကို အနမ်းခြွေမိသည်က ဖြူစင်အနမ်းလေး။
ကြောင်တောင်တောင်နဲ့ဝမ်က မျက်ရည်ဝဲတဲလေးနဲ့သူ့ကိုကြည့်နေပြန်သည်။ ရိူက်သံတွေအတိပျောက်ကွယ်ကာ အံ့သြခြင်းတွေက အစားနေရာယူပြန်သည်။
ရဲအုပ်နေတဲ့ပါးတစ်ဖက်လေးကိုလက်မလေးနဲအသာအယာပွတ်လို့ မျက်ရည်ကြည်တွေရှိနေတဲ့မျက်ဝန်းလေးနဲ့အကြည့်ချင်းစုံကာ..