::33::

4.2K 166 56
                                    

အဖြူရောင် နိဗ္ဗာန် ဘုံလေသဖွယ်ဖြစ်တည်နေသည့်ဤနေရာသည် အဖြူရောင်နှင်းဆီးများနှင့် အဖြူရောင်ပိတ်စလွင်လွင်များနှင့်အတူ အေးချမ်းစိတ်ငြိမ်ဖွယ်။ ရိုးရှင်းလှသည့်မဂ်လာပွဲနှင့်အတူ အဖြူရောင်ကောင်လေးအားပိုင်ဆိုင်ရတော့မည်။ လူအများအစားသိပ်မရှိသည်က ထိုကောင်လေးကစိတ်ရူပ်မည်ဆိုး၍သာ။ ချစ်ရသူခင်ပွန်းကို အခမ်းအနားဆုံးလက်ထပ်ချင်ပေ့မဲ့ အနှီကောင်လေး လူရူပ်ရင်နေရကျပ်မည်ကိုတွေးမိသောကြောင့် ဤကဲ့သို့ရိုးရှင်းသောလက်ထပ်ပွဲကိုသာကျင်းပရခြင်းဖြစ်သည်။ ပကာသနတွေမပါတဲ့လက်ထပ်ပွဲမှဝမ်ဆိုတဲ့ကောင်လေးနဲ့မှ တင့်တယ်နေသလိုပင်။

မည်သူမျှမရှိသည့် ရှောင်ကျန့်နဲ့ဝမ့်ရဲ့လက်ထပ်ပွဲလေးကို ဦးဝမ်မင်ကတော့သားဖြစ်သူကိုချစ်စိတ်ကြောင့် တတ်ရောက်ခဲ့သည်၊ ယောခမကြီးကိုတော့မတွေ့။ သူလည်းဒီအချိန်အရမ်းခံပြင်းနေရှာမှာသူတားနေသည့်ကြားမှ ဝမ့်ကိုရအောင်ယူခဲ့သည်ကို။ ဘယ်သူကသိမှာလဲ ဝမ့်ကိုမြင်မြင်ချင်းချစ်မိလိမ့်မယ်လို့။

အဖြူရောင်ဝတ်စုံလေးနဲ့ဝမ်ငယ်လေးကအရမ်းလှနေသလို၊ ရှောင်ကျန့်ရင်ထဲတစ်ဒိန်းဒိန်းနဲ့အချစ်ရိပ်တွေတိုးကာ ချစ်ပစ်ချင်စိတ်တွေကတစ်ဖွားဖွား။
ဝမ့်ရဲ့လက်ချောင်းတုပ်တုပ်လေးနှစ်ဖက်ကိုဆုပ်ကိုင်လို့ရှောင်ကျန့်သည်လည်းဖော်မပြတတ်သောခံစားမူကြောင့်ရင်ထဲလိူက်ခနဲဖြစ်ကာ မျက်ရည်ကျလုမတတ်။ ပိုင်ဆိုင်ချင်ခဲ့သည်ထိုအလှတရားဝမ်ကို အမှန်တကယ်ပိုင်ဆိုင်ရမည့်အချိန် မျက်ရည်လည်သည့်အထိပျော်ရွှင်စေသည်။

မြတ်နိုးလွန်းလှသည့်ဝမ့်နူတ်ခမ်းဖူးလေးတွေက ကဗျာဆန်ဆန်ပြုံးရယ်နေကာလှပလွန်းလှပါသည်ဆိုသည့် သဘာဝတရားဟာလဲ ဝမ့်အပြုံးမှာကျရူံးမြဲ။

*အသင်တို့သည်၊ဘုရားသခင်အလိုကျ နှလုံးသားချင်းချစ်ကြိုးသွယ်ကြသည်။ဤသည်တိုင် အသင်တို့သည်ဘုရားသခင်ရှေ့မှောက်တော်တွင် ပေါင်းဖက်ခြင်းအမူကိုပြုအံ့သည်။*

ဖာသာ၏ရွတ်ဖတ်သံတစ်စွန်းတစ်စနားထဲဝင်ရောက်လာသည်အချိန်မှာသာ မြတ်နိုးစွာငေးနေမိသည့်များမကြာမီပိုင်ဆိုင်ရတော့မည့်ခင်ပွန်းငယ်လေးဆီမှအကြည့်ခွာရတော့သည်။ သေချာသည် ဝမ်ကောင်လေးအရမ်းရှက်နေမှာ။ ရဲတဲနေသည့်မျက်နှာလေးကိုငုံ့ချလို့ဝမ်က ရှောင်ကျန့်အတွေးကိုအတည်ပြုသည်။ ဝမ့်အပြုအမူလေးကိုအသည်းယားလွန်းလို့အနမ်းပေးချင်သည့်စိတ်ကို အတင်းထိန်းကာ ရွတ်ဖတ်နေသည့်ဖာသာ့အသံကိုသာအာရုံလွှဲလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Oct 02, 2021 ⏰

Add this story to your Library to get notified about new parts!

WANGWhere stories live. Discover now