::30::

1.5K 122 14
                                    

*မင်းကသေသင့်တယ်....*

စတီခုံပေါ်အသက်မဲ့နေတဲ့ ထိုလူသားကလည်ပင်းထက်ဝယ်ဖြတ်ရာလေးအတိုင်းသွေးတွေကစီးကျနေသည်။ ထိုအသေလူသားအရှေ့မှာ ရက်စက်လွန်းလှသည့်လူက ထည်းထည်းကြီးရပ်ကာ ထိုအသေကောင်အားစူးစိုက်ကြည့်ကာ ဤစကားအားဆိုလာသည်။

အကြင်နာတရားပင်းမဲ့စွာ အေးစက်တဲ့အပြုံးနဲ့ ထိုအသေကောင်အား ကြည့်နေသည်မှာဘေးနားရှိသူများအား အမှန်တကယ်ကြောက်စိတ်ဝင်စေသည်။
လက်အိပ်လေးအား ဆွဲချွတ်လို့ နီးရာအမိူက်ပုံးထဲပစ်ထည့်ကာ အနက်စွေးစွေးထိုအကြင်နာမဲ့လူသားနဲ့အတူ အနက်ရောင်ရူးဖိနပ်လေးကကျောချမ်းဖွယ်ရာ ကြမ်းပြင်နဲ့ရိုက်ခတ်သံကိုအခြေပြုကာ ဤနေရာမှတရွေ့ရွေ့ထွက်ခွာသွားသည်။

စတီခုံပေါ်ကခေါင်းငိုက်ကာအသက်ပျောက်နေသည့် ထိုလူသားက အမှန်တကယ်ပင် နောက်ဆုံးထွက်သက်အထိ သစ္စာ မရှိခဲ့ပေ။ အေးစက်စက်စကားသံတွေအောက် ထိုခေါင်းမာလွန်းသည့်လူသားကအကြောင်းအရင်းမှန်ကိုဖွင့်ဟကာမှ အသက်ပင်သေဆုံးသွားရသည်။ ထိုသူပြောသည့် အကြောင်းအရာအား သခင်ကြီးမှလွဲ၍ မည်သူမှမသိလိုက်ပေ။ မသိခင်မှာဘဲ ထိုသူကအသက်ပင်ပျောက်နေပြီ။

ထိုသူရဲ့အကြောင်းအရင်းအမှန်က သခင်ကြီးရှောင်ကျန့်ကို ဒေါသထွက်စေသည်မှာ အမှန်ပင်။

------------------------------------------------

*ရှောင်ကျန့်ကိုစောင့်ကြည့်ထား*

အထက်စည်းဆန်ဆန် မာန်ပါပါအမိန့်စကားသံက ထိုစာကြည့်ခန်းထဲတစ်နေရာမှထွက်ပေါ်လာသည်။
အမှားပေါ်အမှားဆင့်ကာ ဘယ်အရာမှမမြင်ရလောက်အောင် အာဃတ အမှောင်ဖုံးနေသည့်သူမကိုမည်သူမျှတားလို့ရမည်မထင်။

သူမ၏ဘဝဟုသတ်မှတ်ထားသည့် သားဖြစ်သူအား သူစိမ်းသူငြာကသစ်စိမ်းချိုး ချိုးကာ သူမရင်ထဲကဆွဲထုတ်သွားမည်ကိုသူမမည်သို့မှလက်သင့်ခံလို့မရပေ။ အထူးသဖြင့် အမုန်းမီးပွားတွေက သူမသားလေးကိုရိုက်ခတ်လာမည်ကိုသူမမလိုလား။ အဲ့ဒီအတွက် သူမသည်သာ လူကြမ်းမကြီးဖြစ်ပါစေ။ သားဖြစ်သူအား မရရတဲ့နည်းဖြင့်ပြန်ခေါ်မည်။ အမှန်တိုင်းဆိုလျှင် သူမရဲ့ချစ်ဦးသူနှင့်မှဲ့တစ်လုံးသာလွဲရင် အရာအားလုံး ဆင်တူနေသော ထို​ကောင်လေးကိုမြင်လျှင် ပြီးမြောက်ပြီဖြစ်တဲ့အမုန်းပင်တွေက တစ်ဖန်စိမ်းလန်းလာသလို။

WANGWhere stories live. Discover now