::32::

1.3K 111 24
                                    

*လူကြီး.....ကိတ်လေးကချိုသလား*

*ဝမ်..ပိစိမြည်းကြည့်မယ်..ရလားဟင်*

မနက်စားဝိုင်းလေးက အရင်လို​ခြောက်သွေ့မနေဘဲ တီတီတာတာ ဝမ်စကားသံလေးကြောင့် စိမ်းစိုနေသည်။
မနက်စာကိ​ု သူလေးအကြိုက် ကိတ်မျိုးစုံနဲ့ အာဟာရဖြစ်စေသည့်မုန့်ပဲ သရေစာ၊ မပါမဖြစ် သူလေးအားရှိကျန်းမာရန်အတွက် နွားနို့ပျစ်ပျစ်ပူပူလေးတစ်ခွက်ကို မီးဖိုချောင်ဝင် အချစ်ကလေးအားအနားထားလို့ ကိုယ်တိုင်စိတ်တိုင်းကျစေသည်။

ပြီးစီးချိန်တွင်တော့ သူလေးအားပေါင်ပေါ်တင်ကာ မဝါးရုံတစ်မယ် ဂရုတစ်စိုက်ခွံခက်ကျွေးသည့် မနက်စာကို တစ်မြုံ့မြုံ့နှင့်ပါးဖောင်းကြီးတွေကို ယခင်ထက်ဖောင်းအာင် စားနေသည်က ဝမ်ရဲ့ချစ်စရာကောင်းမူပင်။

အသည်းယားလွန်း၍ ပါးဖောင်းကြီး နစ်ဝင်မတတ်နမ်းမိပြန်သော်လည်း မုန့်ကိုသာ တစ် ကမ္ဘာ ထင်သည့်သူလေးက ကိုယ့်ကိုအာရုံမလာ။ ​မျက်စိရှေ့ဝယ်မြင်နေရသည့် ကိတ်မုန့်ရောင်စုံတွေကိုသာ မျက်လုံးအရောင်တောက်တောက်တွေနဲ့ ကြည့်နေသည်။

ယခုလဲ သူမျက်စိကျနေသည့်သီးစုံကိတ်လေးအားစားချင်သည်နှင့် ကိုယ့်ကိုအချစ်ပိုအောင်ချွဲနေသည်။ နှစ်သက်ပြုံးဖြင့် ဝမ့်ဆံနွယ်လေးအား နမ်းရိူက်ကာ...

*ကိုယ်အပါအဝင်...အားလုံးက..ဝမ့်အတွက်*

ထိုအခါ သူ့ဘက်ကို​ခေါင်းလုံးလေး လှည့်လို့ ပြံုးပြလာသည့်ဝမ်က သွားတန်းလေးမှာ ကိတ်မုန့်ဖတ်လေးတွေနဲ့။ နူတ်ခမ်းစွန်းတွေမှာလဲ ကိတ်အမူန်တစ်ချို့နှင့် အယိုတစ်ချို့ကပ်နေသည်။ သူခွင့်ပြုချက်ရသည်နှင့် ကိတ်စားရန် တစ်ဖက်သို့လှည့်မည့် ေခါင်းလုံးလေးကိုအသာအယာ ဖမ်းကိုင်လို့...

*ပြွတ်စ်.....*

နူတ်ခမ်းနားကိုလျှာနဲ့လာလာထိတွေ့နေတဲ့လူကြီးက ဗိုက်ဆာနေလားသိဘူး။

ဝမ့်ပါးစပ်ထဲကမုန့်တွေကို လုစားနေတာ။

*အွန့်....လူ....အင့်..လွှတ်...ပြွတ်စ်..ဟင့်*

လူကြီးက ဗလကြီးလူစိမ်းကောင်လား မသိဘူး၊ တွန်းနေတာတောင်ရွေ့သွားဘူး။ မုန့်တွေအတင်းလုစားတော့ ဝမ်ကငိုချင်လာပြီ။

WANGWhere stories live. Discover now